38 C
Yangon

ပေါက်ခေါင်းတွင် ရွာစဉ် လှည့်လည် ဖောက်ထွင်း လုယက်နေသည့် စစ်ကြောင်း ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများနိုင်၊ စစ်တပ်က ကြံ့ခိုင် ရေးအမာခံ တစ်ဦးကို ပစ်သတ်

Must read

ပေါက်ခေါင်းတွင် ရွာစဉ် လှည့်လည် ဖောက်ထွင်း လုယက်နေသည့် စစ်ကြောင်း ကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများနိုင်၊ စစ်တပ်က ကြံ့ခိုင် ရေးအမာခံ တစ်ဦးကို ပစ်သတ်

ရန်ကုန်၊ စက်တင်ဘာ ၂၂

ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ရွာစဉ် လှည့်လည် ဖောက်ထွင်းနေသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံး ထိခိုက်မှုများ နိုင်ကြောင်း ပေါင်းတည်မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ပြန်ကြား ရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်အချိန် ပဲခူးတိုင်း၊ ပေါက် ခေါင်း မြို့နယ်၊ တောင်လတ်ကြီးအုပ်စု၊ ဒိုးနွယ်ရွာ တောင်ဘက်ပန်းတင် နယ်ခြား နတ်စင်နားတွင် ရွာစဉ်လှည့်လည် အိမ်များကို ဖောက်ထွင်း ဖျက် ဆီးနေသော အင်အား ၂၇ ဦး ပါ စစ်ကြောင်းကို ရှေ့ထွက်မိုင်း ၁ လုံး၊ ပတ်လည်မိုင်း ၃ လုံးဖြင့်​မိုင်းဆွဲတိုက်ခိုက်ရာသေဆုံးထိခိုက်မှုများနိုင်ကြောင်း သိရှိရသည်။

အထိနာသွားသော စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အချက် ပေါင်းများစွာ ပြန်လည် ပစ်ခတ်တိုက်ခိုက်သော်လည်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်များမှာ အထိအခိုက်မရှိ ဘေးကင်းစွာဖြင့်ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း၊ စစ်ကြောင်း မိုင်းဆွဲခံပြီးနောက် စစ်ကောင်စီတပ်က ဒိုးနွယ် ကျေး ရွာ မှ ကြံ့ခိုင်ရေး ပါတီ အမာခံ မြအုန်းကို အကြောင်းမဲ့ ရက်ရက်စက်စက် ဦးခေါင်း ကို ချိန်ရွယ်ကာ ပစ်သတ်လိုက်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article