25 C
Yangon

နောင်ချိုရှိ ဟိုခိုရွာမှ သားအဖ ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်၊ ကမ္မမြို့ရှိ ကျောင်ကျစ်ပင်ရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား

Must read

နောင်ချိုရှိ ဟိုခိုရွာမှ သားအဖ ၂ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်၊ ကမ္မမြို့ရှိ ကျောင်ကျစ်ပင်ရွာမှ ပြည်သူ ၅ ဦးကို စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးသွား

ရန်ကုန်၊ စက်တင်ဘာ ၂၂

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ ဟိုခိုရွာမှ သားအဖ ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၁ ရက်နေ့ညပိုင်းတွင် နောင်ချိုမြို့နယ်၊ ဟိုခိုကျေးရွာ၌ နေထိုင်သည့် ဦးသောင်းတန်နှင့် သမီးဖြစ်သူ မဝင်းင်္သီ တို့နေအိမ်ကို အကြမ်းဖက် စစ်သားများ ရောက်ရှိလာပြီး လာရောက် ဖမ်းဆီး သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“နောင်ချိုမြို့နယ် ဟိုခိုကျေးရွာမှာ နေထိုင်တဲ့ သားအဖ ၂ ဦးကို စစ်ခွေးတွေ သတ်ဖြတ်သွားတယ်လို့ သိရတယ်။ အသေးစိတ် အခြေအနေတော့ မသိရသေးဘူး။ ညဖက် နေအိမ်မှာ လာဖမ်းပြီး သတ်ဖြတ်သွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရှိ ကျောင်ကျစ်ရွာမှ ပြည်သူ ၅ ဦးကို အကြမ်းဖက် စစ်တပ်က လူသားဒိုင်း အဖြစ် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရှိ ကျောင်ကျစ်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် စီးနင်းပြီး ဒေသပြည် ၅ ဦးကို ဖမ်းဆီးကာ လူသားဒိုင်း အဖြစ် ခေါ်ဆောင်သွားကြောင်း သိရသည်။

“ကမ္မမြို့ ကျောင်ကျစ်ပင်ရွာကို စစ်ခွေးတွေ စစ်ကြောင်းထိုးလာပြီး ရွာနေ ပြည်သူ ၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားပြီး မြိုင်ဘက်ကို တက်သွားတယ်လို့ သိရပါတယ်။ အခုထိ ပြန်မလွှတ်သေးဘူး။ ဘာအကြောင်းမှလည်း မကြားရတော့ဘူး” ဟု ပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article