25 C
Yangon

မြန်မာစစ်တပ်၏ လူမျိုးတုန်း သတ်ဖြတ်မှုများကြောင့် ထွက်ပြေးနေရသော ရိုဟင်ဂျာ အရေး ဖြေရှင်းရန် နိုင်ငံတကာခေါင်းဆောင်များ သီးခြားတွေ့ဆုံ ဆွေးနွေး

Must read

မြန်မာစစ်တပ်၏ လူမျိုးတုန်း သတ်ဖြတ်မှုများကြောင့် ထွက်ပြေးနေရသော ရိုဟင်ဂျာ အရေး ဖြေရှင်းရန် နိုင်ငံတကာခေါင်းဆောင်များ သီးခြားတွေ့ဆုံ ဆွေးနွေး

ရန်ကုန်၊ စက်တင်ဘာ ၂၂

မြန်မာအကြမ်းဖက်စစ်တပ်၏ လူမျိုးတုန်း သတ်ဖြတ်မှုများကြောင့် ထွက်ပြေး နေ ရသော ရိုဟင်ဂျာ အရေး ဖြေရှင်းရန် ကုလသမဂ္ဂ ညီလာခံ လာတက်သည့် နိုင်ငံတကာ ခေါင်းဆောင်များက အမေရိကန် ပြည်ထောင်စု၊ နယူးယောက် မြို့ တွင် သီးခြားတွေ့ဆုံဆွေးနွေးကြကြောင်း သိရှိရ သည်။

စက်တင်ဘာလ ၂၁ ရက်နေ့တွင် နိုင်ငံတကာခေါင်းဆောင်များက ရိုဟင်ဂျာ အရေး တွေ့ဆုံစည်းဝေးကြခြင်းဖြစ်ပြီး အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး၊ အရှေ့ တီမောသမ္မတ၊ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် အပါအ၀င် အရှေ့အလယ်ပိုင်း၊ ဥ ရောပ နှင့် အမေရိကန်၊ ကနေဒါ၊ ဗြိတိန် အပါအဝင် နိုင်ငံအများအပြား ပါဝင် တက် ရောက်ခဲ့ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာ လူနည်းစုများ အရေးတွင် ကမ္ဘာလုံးဆိုင်ရာ စည်းလုံး ညီညွတ်မှု အားကောင်းစေရန် ရည်ရွယ်၍ ကျင်းပသော အဆိုပါ နိုင်ငံတကာ အစည်းအဝေးတွင် ရိုဟင်ဂျာ အကျပ်အတည်း အဖြေ ရှာရန်၊ လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန်နှင့် ဒုက္ခသည်များအတွက် တရားမျှတမှုရှိစေရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရှိရသည်။

မြန်မာစစ်တပ်က ၂၀၁၇ ခုနှစ်တွင် လူမျိုးတုံးသတ်ဖြတ်မှုကြောင့် သိန်းနှင့်ချီ သော ရိုဟင်ဂျာ ပြည်သူများမှာ မြန်မာနိုင်ငံမှ ထွက်ပြေးခဲ့ရကြောင်း၊ ရိုဟင်ဂျာ အကျပ်အတည်းကို ဖြေရှင်းရာတွင် ကမ္ဘာလုံးဆိုင်ရာ စည်းလုံး ညီညွတ်မှု၊ လူ့ အခွင့် အရေး အခြေခံမူများ အရေးကြီးကြောင်း အရှေ့တီမော သမ္မတ José Ramos-Horta က အလေးပေး ပြောဆိုသည်။

ရိုဟင်ဂျာပြည်သူများကို ပံ့ပိုးကူညီရန်၊ ဘေးကင်းစွာ နေရပ်ပြန်နိုင်ရေး၊ ရိုဟင် ဂျာ ပြည်သူများ၏ ကျန်းမာရေးတို့ကို ကမ္ဘာလုံးဆိုင်ရာ ဦးစားပေးအဖြစ် ဆက် လက်ထားရှိရန် အာမခံချက်ဖြင့် နိုင်ငံတကာအစည်းအဝေးကို အဆုံးသတ် ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article