26 C
Yangon

အုတ်ဖိုမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ Non CDM သစ်တော ဝန်ထမ်း ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

အုတ်ဖိုမြို့နယ်တွင် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ Non CDM သစ်တော ဝန်ထမ်း ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၂

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးသူ Non CDM သစ်တော ဝန်ထမ်း ၁ ဦးကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းရွာ ဗျူဟာလမ်းဘေးတွင် Non CDM တောခေါင်း အုန်းလှိုင်ကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော အုန်းလှိုင်ထံမှ တရုတ်ဆိုင်ကယ် ၁ စီး ၊ စစ်တပ်နှင့် ဆက်သွယ်ထားသည့် ဖုန်း ၁ လုံး၊ ငွေကျပ် ၂၅၀၀၀၀ နှင့် ၄င်း အမည်ပါ စာရွက်စာတမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

” အခုရှင်းလိုက်တဲ့ တောခေါင်း အုန်းလှိုင် က ရွာစဥ်လှည့်ဆဲတယ်။ တောထဲမှာ သစ်တောဂိတ်ကြေးကောက်တယ်။ ဂိတ်​ကြေးမပေးရင် သတ်ပစ်မယ်ဆိုပြီး ပြည်သူတွေကို ခြိမ်းခြောက်တယ်။ PDF ကိုလည်း သတ္တိရှိလို့ တောထဲလာနေတာ သတ္တိရှိရင် သူ့ကိုလာသတ်ဆိုပြီး စိန်ခေါ်ထားတာ သူ့ကို မြို့နယ် သစ်တောဦးစီး က ပြန်ခေါ်နေပေမယ့် မပြန်ပဲ ပိုပြီးငွေရှာပြနေတာ” ဟု သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တောခေါင်း အုန်းလှိုင်သည် ပြည်သူ့ဘက်သို့ ရပ်တည်ခြင်းမရှိပဲ အကြမ်းဖက် စစ်တပ်ထောက်အတိုင်အဖြစ် ရပ်တည်ကာ သစ်တောဌာနမှ CDM ဝန်ထမ်းများကို သတင်းပေးဖမ်းခိုင်း ခြင်း၊ ရိုးမပေါ်ရှိ သက်နုကျွန်းပင်ျမားအား အကြမ်းဖက်စစ်တပ်နှင့်ပေါင်းကာ ခုတ်လှဲရောင်းချကာ အကြမ်းဖက်စစ်အုပ်စုအတွက် ဝင်ငွေရှာပေးခြင်း၊ ရိုးမပေါ်ရှိ PDF တပ်စခန်းတည်နေရာများကို လိုက်လံ ပြသပေးခြင်း၊ ရိုးမကို အမှီပြု၍ လုပ်ကိုင်စားသောက်နေကြသော ပြည်သူများကို စစ်တပ်အားကိုးဖြင့် ဖိနှိပ်အနိုင်ကျင့်ခြင်း လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article