25 C
Yangon

မင်းကင်းတွင် စစ်သင်္ဘော နစ်မြုပ်ပြီးနောက် စစ်ယူနီဖောင်းဝတ် ၊ ကြံ့ဖွတ်အင်္ကျီဝတ် အလောင်းများ မြစ်အတွင်း မျောပေါ်လာ

Must read

မင်းကင်းတွင် စစ်သင်္ဘော နစ်မြုပ်ပြီးနောက် စစ်ယူနီဖောင်းဝတ် ၊ ကြံ့ဖွတ်အင်္ကျီဝတ် အလောင်းများ မြစ်အတွင်း မျောပေါ်လာ

ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် စစ်သင်္ဘော နစ်မြုပ်ပြီးနောက် ချင်းတွင်းမြစ်အတွင်း စစ်ယူနီ ဖောင်းဝတ် အလောင်းများနှင့် ကြံ့ဖွတ်ပါတီ အင်္ကျီဝတ် အလောင်းများ မျောပါလာကြောင်း အညာပစ် တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က ချင်းတွင်းမြစ်​အတွင်း မောက္ကထော်အောက် ဘက် ရှဲနတ်တောင်ခြေအနီး၌ အကြမ်းဖက် စစ်တပ်၏ စစ်သင်္ဘောအုပ်စုမှ ရေယာဥ် ၁ စီးသည် ပန်းဆက် ပျူစောထီးရွာ မှ လှည့်အထွက် သောင်ခုံပေါ် ဘေးတစ်ခြမ်းတင်ကာ နစ်မြှုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်္ဘောနစ်မြုပ်မှုတွင်ပါဝင်သွားသော စစ်သားနှင့် ပျူစောထီး အလောင်းများသည် ချင်းတွင်းမြစ်အတွင်း မျောပါလာနေပြီး လက်ရှိချိန်ထိ အလောင်း ၁၀ လောင်းကျော်ထက်မနည်း မြစ်တလျှောက် မျောပါလာ​ကြောင်း သိရသည်။

” လက်ရှိအချိန်ထိ အလောင်း ၁၀ လောင်းကျော်ရှိ​ပြီလို့ သိရတယ်။ ချင်းတွင်းမြစ်ကမ်းဘေး နေထိုင်သူတွေဆီကသိရတယ်။ အမျိုးသား အလောင်းတွေ အများဆုံးတွေ့ရပြီး အမျိုးသမီး အလောင်းတွေလည်း ပါဝင်တယ်လို့သိရပါတယ်။ စစ်ခွေးတွေလို့ ယူဆလို့ ရတယ်။ ယူနီဖောင်းပါတဲ့ အလောင်းလည်း တွေ့ရတယ်။ စစ်ခွေးတွေနဲ့ ပျူတွေလည်းပဲ ဖြစ်နိုင်တယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ယင်း ရေယာဥ် နစ်မြုပ်မှုကြောင့် ညွှန်ကြားရေးမှူး နှင့်တကွ ရေတပ်သား ၅ ဦး၊ Non-CDM ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပျူစောထီး မိသားစု ဝင်များ အပါအဝင် စုစုပေါင်း ၁၀၀ ကျော်ခန့် သေဆုံးခဲ့ကြောင်း၊ လက်နက်ကြီး အလက် ၂၀ခန့်နှင့် ကျောက်တန်ချိန် ၁၀၀ခန့်လည်း နစ်မြုပ် သွား ခဲ့ကြောင်း တော်လှန်ရေး တပ်ဖွဲ့ဝင်များထံ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article