25 C
Yangon

KNU တပ်မဟာ ၆ နယ်မြေတွင် သြဂုတ်လ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ဗိုလ်ကြီး အဆင့်ရှိသူ ၃ ဦးအပါအဝင် ၁၉၁ ဦးသေဆုံး

Must read

KNU တပ်မဟာ ၆ နယ်မြေတွင် သြဂုတ်လ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ စစ်တပ်ဘက်မှ ဗိုလ်ကြီး အဆင့်ရှိသူ ၃ ဦးအပါအဝင် ၁၉၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၃

KNU တပ်မဟာ ၆ နယ်မြေတွင် သြဂုတ်လ အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး အဆင့်ရှိသူ ၃ ဦး အပါအဝင် ၁၉၁ ဦးသေဆုံးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။

သြဂုတ်လ ၁ ရက်နေ့ မှ ၃၁ ရက်နေ့အထိ KNU တပ်မဟာ ၆ နယ်မြေတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၊ ကရင် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO ၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ အကြား တိုက်ပွဲ ၇၀ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ထိတွေ့ တိုက်ပွဲများ၌ အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီးအဆင့် ရှိသူ ၃ ဦး၊ တပ်ကြပ် ၁ ဦး နှင့် တပ်ကြပ် အဆင့်ရှိသူ နယ်ထိန်းရဲမှူး ၁ ဦး အပါ အဝင် ၁၉၁ ဦး သေဆုံးခဲ့ကြောင်း၊ တပ်ရင်းမှူး ၁ ဦး နှင့် ဒု-ရင်းမှူး ၁ ဦး အပါအဝင် ၁၆၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO ၊ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များဘက်မှ ၂၂ ဦး ဒဏ်ရာရခဲ့ပြီး ၇ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ ပို့ဆောင် ဆက်သွယ်ရေး၊ အုပ်ချုပ်ရေးရာ ယန္တရား လည်ပတ်ရေး အတွက် အသုံးပြုနေသည့်ကား ၉ စီးကိုလည်း KNLA ၊ KNDO-တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ စစ်စခန်းများနှင့် နယ်မြေ လုံခြုံရေးအတွက် အကြောင်းပြ၍ နယ်မြေကျူးကျော် လှုပ်ရှားလာသော စစ်သားများကိုလည်း KNLA ၊ KNDO – တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခြင်း၊ စနိုက်ပါဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်းများ နေ့စဥ် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အထက်အရာရှိများ၏ ဖိနှိပ်အုပ်ချုပ်မှုကြောင့် စိတ်ဓာတ်ပိုင်းအရ ကျဆင်းလျက်ရှိကာ အာဏာဖြင့် အကြမ်းဖက် အုပ်ချုပ်နေသော ၎င်းတို့၏ တပ်ကို စွန့်ခွာထွက်ပြေး၍ KNU – ကရင်အမျိုးသား အစည်းအရုံး နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံသို့ လာရောက်ပူးပေါင်းခြင်း များစွာလည်းရှိကြောင်း၊ ထိုသို့ လာရောက်ပူးပေါင်းသည့် မည်သည့် ရဲဘော်မဆို KNU – ကရင်အမျိုးသားအစည်းအရုံးမှ နွေးထွေးစွာကြိုဆို စောင့်ရှောက်ပေးနေပြီး ၎င်းတို့၏ ဘဝပြန်လည်ထူတောင်နိုင်ရေးအတွက်လည်း စီစဥ်ဆောက်ရွက်ပေးလျက်ရှိကြောင်း၊ လက်နက်ခဲယမ်းများဖြင့် ထွက်ပြေးလာလျှင် ကာလတန်ဖိုး သတ်မှတ်ချက်နှင့်အညီ ထောင်ပံ့ ကူညီပေးလျက်ရှိကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article