25 C
Yangon

ဟုမ္မလင်းမြို့နယ် အတွင်းရှိ စစ်တပ် စခန်း ၃ ခုကို တိုက်ခိုက် သိမ်းပိုက်၊ စစ်သား ၃ ဦး သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

Must read

ဟုမ္မလင်းမြို့နယ် အတွင်းရှိ စစ်တပ် စခန်း ၃ ခုကို တိုက်ခိုက် သိမ်းပိုက်၊ စစ်သား ၃ ဦး သေဆုံးပြီး PDF ရဲဘော် ၁ ဦး ကျဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပိုအောင်စံပြကျေးရွာနှင့် လွှစင်ကုန်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်စခန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးသေခဲ့ပြီး PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း Homanlin People’s Defense Force – HPDF -124 မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၂ ရက် နံနက် ၁၀ နာရီခန့်က အင်အား ၈၀ ခန့်ဖြင့် နောင်ပိုအောင် စံပြ ကျေးရွာ၊ လွှစင်ကုန်းကျေးရွာဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့၌ တပ်စွဲထားသော အကြမ်းဖက် စစ်သားများနှင့် လက်အောက်ခံ SNA တပ်များကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၈ နာရီခန့်တိုက်ပွဲ ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းသေဆုံးကာ ထိ ခိုက်ဒဏ်ရာရရှိပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်တပ်စခန်းအတွင်း မိုင်း၊ ဆူးငြောင့်၊ သံဆူး ကြိုးများ အခိုင်အမာတည်ဆောက်ထားတို့ကြောင့် စခန်းရှင်းလင်းချိန်မရလိုက်ပဲ စစ်ကူများရောက်ရှိ လာသဖြင့် အနည်းငယ်ပြန်လည် ဆုတ်ခွာပေးလိုက်ရကြောင်း သူများလည်းရှိကြောင်း သိရသည်။

“စခန်းသိမ်းနိုင်ခဲ့တာဗျ၊ အဓိက သူတို့ထိုင်ထားတာက SNA ရယ်၊ စစ်ကောင်စီရယ် ပူးပေါင်းပြီး ထိုင်ထား တာပေါ့၊ အဲဒီတပ်ကုန်းမှာ၊ ပြီးတော့ ဘုန်းကြီးကျောင်းမှာ ထိုင်တယ်၊ စာသင်ကျောင်းမှာ ထိုင်တယ်၊ အဲဒီ ၂ ခုလုံးကို ကျနော်တို့က ဝင်သိမ်းတာပေါ့၊ စခန်းသိမ်းနိုင်ခဲ့ပေမယ့် လက်နက်ခဲယမ်းတော့ မရခဲ့ဘူးဗျ၊ ကျနော်တို့ဘက်က လက်နက်ခဲယမ်းပို့တဲ့ စစ်ကူက နည်းနည်းလေးနောက်ကျသွားတာရယ်၊ ပြီးတော့ ရန်သူဘက်က စစ်ကူက မြန်မြန်ရောက်လာတာရယ်ကြောင့်၊ ကျနော်တို့ စခန်းကို ဝင်စီးတယ်၊ မီးရှို့ဖို့ ဖျက်ဆီးဖို့ကျတော့လည်း သူတို့က ဘန်ကာတွေမှာ မိုင်းတွေထောင်ထားတာရယ်၊ ကတုတ်ကျင်းတွေ တောက်လျှောက်မိုင်းထောင်တယ်၊ ပြီးလို့ရှိရင် ဆူးတွေ၊ သံချောင်းတွေ အများကြီးအဲလိုလုပ်ထားတာ၊ အဲဒါတွေကြောင့် အရမ်းကာရော ဇွတ်မထိုးရဲဘူး၊ ပြီးတော့ စစ်ကူကလည်း အမြန်ရောက်လာခဲ့လို့” ဟု Homanlin People’s Defense Force – HPDF -124 မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ် သ တင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို ခန္တီးခရိုင်တပ်ရင်း ၁ ၊ Homanlin People’s Defense Force – HPDF -124 HPDF – မိုးကြိုး မဟာမိတ် တပ်ဖွဲ့ ၃ ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး HPDF-124 မှ ရဲဘော် တစ်ဦး ကျဆုံး ကာ တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၊ ခရိုင်တပ်ရင်း ၁ မှ တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့ ကြောင်း၊ ယင်းအကြမ်းဖက်စစ်တပ်စခန်းအား ဆက်လက်ထိန်းထားနိုင်ရန် ပြင်ဆင်ခဲ့သော်လည်း ထောက်ပို့တပ် အနည်းငယ်နောက်ကျခြင်းကြောင့်လည်းကောင်း၊ အကြမ်းဖက်စစ်သား အင်အား ၃၀၀ ဝန်းကျင်ခန့် စစ် ကူရောက်ရှိလာခြင်းကြောင့် လည်းကောင်း ညနေ ၅ နာရီခွဲခန့်တွင် အနည်းငယ် တပ်ပြန်ဆုတ်ခဲ့ရကြောင်း သိရသည်။

“စစ်ကူက ဟုမ္မလင်း ၂၂၂ လုံးတပ်ကနေရယ်၊ ဟုမ္မလင်းအထက်ပိုင်း နမ့်တောက ၇၅၃ က လည်း ဆင်း လာတယ်၊ တမူးဘက်ကနေ ဆင်းလာတဲ့ အင်အားရော၊ SNA ရော ရွှေပြည်အေးဘက်ကနေ နောင်ပို အောင်ဘက်ကို ဆင်းလာတယ်၊ ဒီနေ့ဆိုရင် လွှစင်ကုန်းရွာ တခြမ်းကို ကျနော်တို့ ထိုင်ထားတာ၊ အဲဒီ ကနေမှ သူတို့စစ်ရေးလှုပ်ရှားပြင်နေတာ လှမ်းမြင်နေရတယ်၊ ဒီနေ့တော့ တိုက်ပွဲမဖြစ်သေးဘူး၊ ဒါပေမယ့်အခြေအနေကတော့ ပြောလို့မရဘူး၊ ရန်သူ့ဘက်ကလည်း ပြင်ဆင်နေတယ်၊ လှမ်းပစ်လို့ရှိ ရင်ထိနိုင်မယ့်အနေအထား အဲလောက်အထိ ဆိုင်ထားတာ၊ ပြောလို့တော့မရဘူး၊ ဒီညဖြစ်မလား၊ မနက်ဖြန်ဖြစ်မလားပဲဖြစ်တော့ဖြစ်နိုင်သေးတဲ့အနေအထားပဲ” ဟု Homanlin People’s Defense Force – HPDF -124 မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article