29.6 C
Yangon

ရန်ကုန်တွင် ယနေ့ နံနက် ၂ နာရီ ၅၃ မိနစ်တွင် ငလျင်ထပ်မံ လှုပ်ခတ်

Must read

ရန်ကုန်တွင် ယနေ့ နံနက် ၂ နာရီ ၅၃ မိနစ်တွင် ငလျင်ထပ်မံ လှုပ်ခတ်

ရန်ကုန်၊ စက်တင်ဘာ ၂၄

ရန်ကုန်တိုင်းအတွင်းတွင် ယနေ့ နံနက် ၂ နာရီ ၅၂ မိနစ်ဝန်းကျင်မှ နံနက် ၂ နာရီ ၅၃ မိနစ်ဝန်းကျင်အတွင်း ငလျင် ထပ်မံ လှုပ်ခတ်သွားကြောင်း ရန်ကုန်မြို့ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၂ နာရီ ၅၂ မိနစ် မှ နံနက် ၂ နာရီ ၅၃ မိနစ်အကြား ရန်ကုန်တိုင်းမြို့နယ်အများစုတွင် ငလျင်သိသာစွာ လှုပ်ခတ်သွားကြောင်း ရန်ကုန်မြို့ပြည်သူများက ရှင်းပြသည်။

“ည ၈ နာရီ ၅၃ မိနစ်တုန်းက လှုပ်တဲ့ငလျင်လောက်တော့ မကြမ်းဘူး။ ဒါပေမယ့်လည်း သိသိသာသာ ပဲ ငလျင်လှုပ်တော့ လန့်နိုးလာတယ်” ဟု ရန်ကုန်မြို့ ခံတစ်ဦးက ဆိုသည်။

လတ်တလော ရရှိသော သတင်းအချက်များအရ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၂ နာရီ ၅၂ မိနစ်အချိန် လှုပ်ခတ်သော ငလျင်မှာ တိုက်ကြီးမြို့နယ်ကို ဗဟိုပြု၍ ပြင်းအား ၄ ဒသမ ၁ အဆင့်ရှိ ငလျင် လှုပ်ခတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရန်ကုန်တွင် ငလျင်များ လှုပ်ခတ်လျက်ရှိရာ ယမန်နေ့ ညနေ ၅ နာရီ ၃၃ မိနစ် ဝန်းကျင်အချိန်က ပဲခူးတိုင်း၊ ဒိုက်ဦးမြို့၏ အနောက်ဘက် ၂၁ မိုင် အကွာကို ဗဟိုပြု၍ အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၇ ငလျင် ၊ ယမန်နေ့ည ၈ နာရီ ၅၄ မိနစ်အချိန် ပဲခူးမြို့၏ အနောက်တောင်ဘက် ၁၂ မိုင် ခန့် အကွာ ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး ၅ ဒသမ ၁ အဆင့်ရှိ အင်အား အသင့် အတင့်ရှိသော မြေငလျင် လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ရန်ကုန်မြို့၏ မနက်အစောအချိန် မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article