26 C
Yangon

နေပြည်တော်လေဆိပ်နဲ့ အေလာ လေတပ်ကို PDF တွေ တိုက်ခိုက်မှာ၊ ဒရုန်းနဲ့ ဗုံးကျဲမှာ ကြောက် လို့ ဗဟိုစည်း၊ အတွင်းစည်း၊ အပြင်စည်း လုံခြုံရေးတွေ အထူး လျှို့ဝှက် တိုးမြှင့်ထား

Must read

နေပြည်တော်လေဆိပ်နဲ့ အေလာ လေတပ်ကို PDF တွေ တိုက်ခိုက်မှာ၊ ဒရုန်းနဲ့ ဗုံးကျဲမှာ ကြောက် လို့ ဗဟိုစည်း၊ အတွင်းစည်း၊ အပြင်စည်း လုံခြုံရေးတွေ အထူး လျှို့ဝှက် တိုးမြှင့်ထား

ရန်ကုန်၊ စက်တင်ဘာ ၂၄

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်များ အဓိက အသုံး ပြုနေရသည့် နေပြည် တော်လေဆိပ်နဲ့ အေလာ လေတပ်ကို PDF များ လာရောက်တိုက်ခိုက်မည် (သို့မဟုတ်) ဒရုန်ဖြင့် ဗုံးကျဲမည်ကို စိုးရိမ် ကြောက်လန့်၍ လေဆိပ်လုံခြုံရေး အတွက် ဗဟိုစည်း၊ အတွင်း စည်း၊ အပြင်စည်း လုံခြုံရေးများ အထူး လျှို့ဝှက် တိုးမြှင့် ထား ကြောင်း သိရှိရ သည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လုံခြုံရေး အတွက် ဗဟိုစည်း၊ အတွင်းစည်း၊ အပြင်စည်း၊ ခြုံငုံကွပ်ကဲမှု များ ခွဲခြား၍ လုံခြုံရေး ဆောင်ရွက် ထားပြီး စုစုပေါင်း လုံခြုံရေး အင်အား ၁၅၆ ဦး အသုံးပြုထားကြောင်း သိရှိရ သည်။

နေပြည်တော် လေဆိပ်၏ ဗဟိုစည်းနှင့်အတွင်းစည်းကို ယာယီဒုရဲမှူးကြီး စံသူ က ဦးဆောင်၍ ဗဟိုစည်းအတွက် လုံခြုံရေး အင်အား ၄၂ ဦး၊ အတွင်းစည်း အတွက် လုံခြုံရေး အင်အား ၃၁ ဦး အသုံးပြုထားသည်။

နေပြည်တော်လေဆိပ်၏ အပြင်စည်း လုံခြုံရေးကို ဗိုလ်မှူး သိန်းဝင်းက ဦးဆောင်ပြီး လုံခြုံရေး အင်အား ၈၃ ဦး အသုံးပြုထားကြောင်း၊ နေပြည်တော် လေဆိပ်တစ်ခုလုံး၏ လုံခြုံရေးအတွက် ရဲမှူးကြီး အောင်ဘုန်းကျော်က ဦး ဆောင်ပြီး တပ်နယ်များမှ ထုတ်နုတ်အင်အားများဖြင့် ဖွဲ့စည်းအသုံး ပြုထား ကြောင်း သိရှိရသည်။

နေပြည်တော်လေဆိပ်၏ အတွင်းစည်းလုံခြုံရေး အင် အား ၃၁ ဦး တွင် ခေါင်း ဆောင်အဖြစ် ဒုရဲမှူး ရာမော်က ဦးဆောင်ပြီး အတွင်းစည်းလုံခြုံရေး အတွက် နေရာ ၈ ခုတွင် ဆောင်ရွက်ကြောင်း၊ အတွင်းစည်းလုံခြုံရေး ၈ နေရာမှာ ယန္တရားဂိတ်၊ တာဝါလုံခြုံရေး၊ အမြင့်တင် လုံခြုံရေး၊ ညအိပ် လေယာဉ် လုံခြုံ ရေး၊ Tube-6 အောက် လုံခြုံရေး၊ Tube-7 အောက်၊ Tube-8 အောက်၊ Tube-9 အောက် နေရာတို့ဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော်လေဆိပ်၏ ဗဟိုစည်းလုံခြုံရေး အင်အား ၄၂ ဦးတွင် ခေါင်းဆောင် အဖြစ် ရဲမှူး ဝင်းနိုင်က ဆောင်ရွက်ပြီး ဗဟိုစည်းလုံခြုံရေး ၉ နေရာ သတ်မှတ် ထားကြောင်း ၊ ယင်း ၉ နေရာမှာ ပြည်တွင်းပြည်ပ ထွက်ခွာ ဝင်/ထွက်ပေါက်၊ Bomb Squard ၊ CCTV Room ၊ ပြည်တွင်းပြည်ပ ဆိုက်ရောက်/ထွက်ခွာ Public Area လှည့်ကင်း၊ ပြည်တွင်းထွက်ခွာ Hand Carry X-Ray ၊ ပြည်ပ ထွက်ခွာ Hand Carry X Ray ၊ VIP Hand Carry X-Ray၊ VIP ခန်းမဆောင်တို့ ဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော် လေဆိပ်၏အပြင်စည်းလုံခြုံရေးအဖြစ် အင်အား ၈၁ ဦးတွင် ဦးစီး ခေါင်းဆောင်အဖြစ် ဗိုလ်မှူး သိန်းဝင်းက ဆောင်ရွက်ပြီး အပြည်ပြည် ဆိုင် ရာ လေဆိပ်၏ နေရာ ၁၂ ခု၊ လေတပ်ဆွယ်(နေပြည်တော်) နေရာ ၆ ခု အပြင် စည်း လုံခြုံရေးနေရာ စုစုပေါင်း ၁၈ ခု သတ်မှတ်ထားကြောင်း သိရှိရသည်။

နေပြည်တော်လေဆိပ်၏ အပြင်စည်း ၁၂ နေရာမှာ စစ်ကြောင်းရုံး၊ သတ္တုစက်ရုံ မှ လေဆိပ်အဝင်ရဲကင်း၊ ဆိပ်ခြံကုန်းရဲကင်း၊ သဲကောလေးရဲကင်း၊ သယာစုရွာ အနီး ရဲကင်း၊ ကျွန်းကုန်းရွာဟောင်းရဲကင်း၊ ကျွန်းကုန်းရဲကင်း၊ လေကြောင်း ထိန်း မျှော်စင်(အသစ်)ရဲကင်း၊ အေးရှားဝေါသံဆောင်ရဲကင်း၊ VIP တံတား ရဲကင်း (ပေါ်/အောက်)၊ ပြေးလမ်းတောင်ဘက်ထိပ်မီးဆိုင်းရဲကင်း၊ လေဆိပ် အဝင်မုခ်ဦး(သစ်) ရဲကင်းတို့ဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော် လေတပ်ဆွယ် အပြင်စည်းလုံခြုံရေး နေရာ ၆ ခု မှာ လေဆိပ် အဝင်မုခ်ဦး(ဟောင်း) ရဲကင်း၊ ပြေးလမ်းတောင်ဘက်ထိပ်ရဲကင်း၊ ခွဲရုံးနှင့် စျေး ဆိုင် တန်းဟောင်းရဲ ကင်း၊ လေကြောင်းထိန်းမျှော်စင်(ဟောင်း) ရဲကင်း၊ ပြေး လမ်းမြောက်ဘက်ထိပ်ရဲကင်း၊ ပြေးလမ်းမြောက်ဘက်ထိပ်ဆိုင်း ရဲကင်း တို့ဖြစ် ကြောင်း သိရှိရသည်။

နေပြည်တော်လေဆိပ်နှင့် အေလာ လေတပ်သည် လွန်ခဲ့သော ရက်ပိုင်းအတွင်း ဒရုန်းဖြင့် ဗုံးကျဲခံရခြင်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခြင်းများ မကြာခဏ ဆို သလို ခံနေရပြီး စစ်ဗိုလ်ချုပ်များက လေဆိပ်နှင့်လေတပ်လုံခြုံရေးအတွက် အထူး စိုးရိမ်နေကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article