30 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၄

KNU – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်း ဖက် စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်မှ ထုတ်ပြန်သည်။

စက်တင်ဘာလ ၂၁ ရက် နံနက် ၇ နာရီခန့်က စောထါ့စခန်းတွင်အခြေချနေထိုင်သော အကြမ်းဖက်စစ် အုပ်စုအား KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ KNLA တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

အလားတူ စက်တင်ဘာလ ၂၀ ရက် ညနေ ၄ နာရီ ၄၃ မိနစ်ခန့်က အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ် ယာဉ်ဆင်းမည့်နေရာကို လုံခြုံရေးယူနေသော အကြမ်းဖက်စစ်သားများအား KNLA တပ်ဖွဲ့ဝင်များမှ ဝင် ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးမှုမသိရသေးပဲ စုံစမ်းနေဆဲဖြစ် ကြောင်း သိရသည်။

ထို့အပြင် စက်တင်ဘာလ ၁၉ ရက် ညနေ ၃ နာရီခွဲခန့်က ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၊ ခေါဝါးထါကျေးရွာအနီး၌ KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြား ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၃ ရက်နံနက် ၁၀ နာရီ ၁၃ မိနစ်ကလည်း အကြ်မးဖက်စစ်ကောင်စီ၏ စစ်သုံး ရဟတ်ယာဉ် ၃ စီးသည် လူသောမြို့နယ်ရှိ ခေါဒေါခို့စခန်းသို့ စားနပ်ရိက္ခာများနှင့် ခဲယမ်းမီးကျောက်များ ပါဝင်သည့် အထုပ်ကြီး ၂ ထုပ်အား လာရောက်ပို့ဆောင်ခဲ့ရာ အကြမ်းဖက်စစ်အုပ်စုမှ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်တွင် လူဒေးဒေသ ထို့ကွယ်ထာ့နေရာသို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ လုံးပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်းစစ်ဆင်ရေးအမျိုးမျိုးဖြင့် ၎င်းတို့၏ ရှေ့တန်းစခန်းများ အတွက် စားနပ်ရိက္ခာများနှင့် ခဲယမ်းမီးကျောက်များကို ပို့နေပြီး KNLA တပ်ဖွဲ့ဝင်များနှင့် နေ့စဉ်နေ့တိုင်း ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားလျက်ရှိကြောင်း မူတြော်သတင်းစဉ်က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article