25 C
Yangon

PDF ဒရုန်းတွေကြောင့် အထိနာ ကြောက်ရွံ့နေတဲ့ စစ်ကောင်စီရဲချုပ် က ဒရုန်း တွေကို ထိန်းချုပ်ရေး ဆောင်ရွက်ပေးဖို့ တရုတ် လုံခြုံရေး ညီလာခံမှာ သွား ရောက် အရေးဆို

Must read

PDF ဒရုန်းတွေကြောင့် အထိနာ ကြောက်ရွံ့နေတဲ့ စစ်ကောင်စီရဲချုပ် က ဒရုန်း တွေကို ထိန်းချုပ်ရေး ဆောင်ရွက်ပေးဖို့ တရုတ် လုံခြုံရေး ညီလာခံမှာ သွား ရောက် အရေးဆို

ရန်ကုန်၊ စက်တင်ဘာ ၂၅

ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေရဲ့ အဆင့်မြင့်လာတဲ့ ဒရုန်းတွေနဲ့ တိုက် ခိုက်မှုကို အကြီးအကျယ်ခံနေရတဲ့ စစ်ကောင်စီက ဒရုန်းတွေကို ပိုမို ထိန်း ချုပ်ရေး ဆောင်ရွက်ဖို့ တရုတ်မှာ ကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး ညီ လာခံမှာ သွားရောက် ထုတ်ဖော် အရေးဆို တောင်းဆိုခဲ့တယ်လို့ သိရပါ တယ်။

တရုတ်အစိုးရ က ဦးဆောင်ကျင်းပတဲ့ ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ လုံခြုံ ရေး ပူးပေါင်းဆောင်ရွက် မှုညီလာခံကို မြန်မာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ ကိုဖိတ်ကြားခဲ့ပြီး စစ်ကောင်စီ ပြည်ထဲရေးဒုဝန်ကြီး ရဲချုပ် နီလင်းအောင် တက်ရောက်ခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် သတင်းစာတွေ နဲ့ တရုတ် နိုင်ငံပိုင် သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ- ၂၀၂၃ (Lianyungang ဖိုရမ်)ကို တရုတ်နိုင်ငံ Jiangsu ပြည်နယ် Lianyun- gang မြို့မှာရှိတဲ့ Jinlin Haizhou Bayview Conference Center မှာ စက်တင်ဘာ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ကျင်းပခဲ့တာဖြစ်တယ်။

တရုတ်အစိုးရ ဦးဆောင်ကျင်းပတဲ့ ဒီညီလာခံမှာ စစ်ကောင်စီရဲချုပ် နီလင်းအောင်က “အကြမ်းဖက် အုပ်စုများသည် မောင်းသူမဲ့ယာဉ်များ (Drones) ကို အသုံးပြုလာကြပြီး အကြမ်းဖက်သမားများက Drone များ အသုံးပြုလာ မှုသည် အနာဂတ်တွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာမည် ဖြစ်ကြောင်း၊ ဒုစရိုက်သမားများနှင့် ဒုစရိုက်ဂိုဏ်းများ ၏ လက်တွင်းသို့ Drone အပါအဝင် စွမ်းအားမြှင့် လက်နက်များ မရောက်ရှိစေရေး အတွက် ကမ္ဘာလုံး ဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မှု တိုးမြှင့်ရမည်ဖြစ်ကြောင်း၊” ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ ၂၅ ရက်နေ့ ထုတ် စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြပါရှိပါတယ်။

ဒီညီလာခံ မှာ စစ်ကောင်စီရဲချုပ် နီလင်းအောင် က ဒရုန်းလက်နက် ထိန်းချုပ် ရေး အတွက် ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာတွေ ဖော်ပြထားပါတယ်။

မြန်မာ နိုင်ငံနေရာ အနှံ့အပြား စစ်ကောင်စီကိုတော်လှန်နေတဲ့ ပြည်သူ့ ကာ ကွယ် ရေးတပ်ဖွဲ့ PDF အပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ LPDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ ပြည်သူတွေကို အကာအကွယ်ပေးဖို့ Drone အသုံးပြုတိုက်ခိုက်မှုတွေရှိနေပြီး Drone နဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်တွေ အထိနာနေတယ်လို့ လတ်တလောပြည်တွင်း သတင်းတွေ အရသိရှိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်တွေ အဓိက အသုံး ပြုနေတဲ့ နေပြည် တော်လေဆိပ်နဲ့ အေလာ လေတပ်ကို ဒရုန်း ဗုံးကျဲမှုပြုလုပ်လာမှာ စိုးရိမ်တာကြောင့် စစ်ကောင်စီဟာ လေဆိပ်လုံခြုံရေး အတွက် ဗဟိုစည်း၊ အတွင်း စည်း၊ အပြင်စည်း လုံခြုံရေးများ အထူး လျှို့ဝှက် တိုးမြှင့် ထားပါတယ်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လုံခြုံရေး အတွက် ဗဟိုစည်း၊ အတွင်းစည်း၊ အပြင်စည်း၊ ခြုံငုံကွပ်ကဲမှု တွေ ခွဲခြားပြီး လ စုစုပေါင်း လုံခြုံရေး အင်အား ၁၅၆ ဦး ထိ အသုံးပြုထားတယ်လို့ သတင်းတွေ ကဆိုပါတယ်။

လက်ရှိ ပြည်တွင်းမှာ PDF ဒရုန်းတွေကို ပစ်ချ ဖျက်ဆီးရေးနဲ့ ကာကွယ်ရေး အတွက် ဒရုန်းပစ်လက်နက်နဲ့ Jammer တွေက တရုတ်နိုင်ငံကနေ စစ်ကောင် စီက အကြီးအကျယ် တင်သွင်းနေရတယ်လို့ နေပြည်တော်စစ်ဘက်သတင်း ရင်းမြစ်က ပြောပါတယ်။

ရွေးကောက်ခံ အစိုးရဆီကနေ မတရား အာဏာလုယူထားတဲ့ စစ်ကောင်စီကို အာဆီယံ အပါအဝင် ကမ္ဘာ့ နိုင်ငံတွေ ရဲ့ နိုင်ငံတကာအဆင့် အစည်းအဝေး တွေမှာ မဖိတ်ကြား ကြသော်လည်း တရုတ်နိုင်ငံ နဲ့ ရုရှား နိုင်ငံမှာကျင်းပတဲ့ ညီလာခံတွေ ကို တော့ စစ်ကောင်စီကို တရားဝင်တက်ရောက်ခွင့်ပြုလာတာကို ခပ်စိပ်စိပ် တွေ့လာရပါတယ်။

တရုတ်မှာကျင်းပတဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ ကို မြန်မာ စစ်ကောင်စီ အပါအဝင် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ နီပေါ၊ သီရိ လင်္ကာ၊ ပါကစ္စတန်၊ အာဖဂန်နစ္စတန်၊ ဗြိတိန်၊ ဆော်ဒီ အာရေဗျ၊ ရုရှား၊ ကာဇက်စတန်၊ ကာဂျီစတန်၊ တာဂျီ ကစ္စတန်၊ ဥဇဘက်ကစ္စတန်၊ အဇာဘိုင်ဂျန်၊ အာမေး နီးယား၊ တူကီယဲ၊ ဘီလာရုစ်၊ အီရန်၊ မွန်ဂိုလီးယား၊ တောင်ကိုရီးယား၊ ဂျာမနီ၊ ပြင်သစ်၊ နီကာရာဂွာ၊ အာဂျင်တီးနား၊ ပနားမား၊ အီသီယိုးပီးယား၊ တောင် အာဖရိကနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာရဲအဖွဲ့၊ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစင်တာ၊ ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့အပါအဝင် ဒေသတွင်းနှင့် နိုင်ငံ တကာ အဖွဲ့အစည်း စုစုပေါင်း ၅၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article