Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ စက်တင်ဘာ ၂၆ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်လာတာကြောင့် ကျေးရွာ ၁၄ ရွာမှ သောင်းနှင့်ချီတဲ့ ပြည်သူတွေ ညအချိန် ထွက်ပြေးနေရတယ်လို့ ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောပါတယ်။
-အကြမ်းဖက်စစ်ကောင်စီက ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် တို့ကို စစ်ကောင်စီ အဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ပြီး စိုးထွဋ်ကို အစိုးရ အဖွဲ့ရုံး ဝန်ကြီးရာထူးမှ အနားပေး လိုက်တယ်လို့ မနေ့က စစ်ကောင်စီကနေ တရားဝင် သတင်းထုတ်ပြန်လိုက်ပါတယ်။
– စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်ရှိ စစ်တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေး တပ်တွေက တိုက်ခိုက်ခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်က မြို့ကို အင်အားသုံး ပိတ်ဆို့ကာ အရပ်သားပြည်သူ ၃၀ဦးထက်မနည်းကို ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
