25 C
Yangon

ကွက်ခိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က ပေါင် ၅၀၀ ဗုံးတစ်လုံးအပါအဝင် ၃ လုံးကျဲချ

Must read

ကွက်ခိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်တပ်က ပေါင် ၅၀၀ ဗုံးတစ်လုံးအပါအဝင် ၃ လုံးကျဲချ

ရန်ကုန်၊ စက်တင်ဘာ ၂၆

ရှမ်းပြည်နယ်၊ ကွက်ခိုင်မြို့နယ်၊ မန်နိမ့်အွန်အုပ်စု၊ ငေါ့ငါးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အကြမ်း ဖက်စစ်တပ်က ပေါင် ၅၀၀ ဗုံးတစ်လုံးအပါအဝင် ဗုံးသီး ၃ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်း နှင့်ပြန်ကြားရေးဌာနထံက ထုတ်ပြန်သည်။

ယနေ့ စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လည် ၁ နာရီ ၂၈ အချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ ဂျက် ဖိုက်တာ ၁ စီးဖြင့် ငေါ့ငါးကျေးရွာအပေါ်ပျံသန်းလာပြီး စက်သေနတ်ဖြင့် ကျေးရွာအတွင်းသို့ တရစပ် ပစ် ခတ်ခဲ့ကာ ၁ နာရီ ၅၇ မိနစ်အချိန်တွင် ဂျက်ဖိုက်တာ ၁ စီးဖြင့် ငေါ့ငါးကျေးရွာအနီးသို့ ပြင်းထန်သည့် ဖျက်အားပြင်း ဗုံးတစ်မျိုးဖြစ်သည့် ပေါင် ၅၀၀ ဗုံးတစ်လုံးအပါအဝင် ရိုးရိုးဗုံး ၃ လုံးဖြင့် ထပ်မံလာ ရောက် ဗုံးကြဲချခဲ့ကြောင်း သိရသည်။

အဆိုပါ ငေါ့ငါးကျေးရွာနှင့် အနီးဝန်းကျင်တွင် PSLF/TNLA ၏ တပ်စခန်းမရှိသည့်အပြင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ကြား တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိကြောင်း၊ ပြည်သူလူထုကို ဦး တည်ကာ တမင်သက်သက် ယခုကဲ့သို့ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် နံနက် ၁၀ နာရီမှ နေ့လည် ၂ နာရီအထိ အကြမ်းဖက်စစ်ကောင်စီ၏ နမ့်ဖက်ကာတပ်စခန်းမှ ပန်နွဲ့ရွာနှင့် ငေါ့ငါးကျေးရွာအနီးသို့ လက်နက်ကြီးများဖြင့် ၃၄ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စက်တင် ဘာလ ၂၅ ရက်နေ့ကလည်း မူဆယ်မြို့နယ်အတွင်းရှိ PSLF/TNLA တပ်မဟာ ၁ ၏ လွယ်မောက် တပ် စခန်းတစ်ခုကို ပေါင် ၅၀၀ ဗုံးသီးဖြင့် ၂ ကြိမ်လာရောက်ဗုံးကြဲခဲ့ရာတပ်စခန်း၏ အဆောက်အဦး အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article