31 C
Yangon

မြန်မာ့နိုင်ငံရေးတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားရေး၊ ဖက်ဒရယ် ဒီမိုကရေစီရေးနှင့် တော်လှန်ရေး အောင်မြင်စေရေး NLD က ဆောင်ရွက်နေ

Must read

မြန်မာ့နိုင်ငံရေးတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားရေး၊ ဖက်ဒရယ် ဒီမိုကရေစီရေးနှင့် တော်လှန်ရေး အောင်မြင်စေရေး NLD က ဆောင်ရွက်နေ

ရန်ကုန်၊ စက်တင်ဘာ ၂၇

မြန်မာ့နိုင်ငံရေးတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားရေး၊ ဖက်ဒရယ် ဒီမိုကရေစီရေးနှင့် တော်လှန်ရေး အောင်မြင်စေရေး NLD က ဆောင်ရွက်နေကြောင်း NLD ဗဟိုအလုပ်ကော်မတီက ယနေ့ တရားဝင် သတင်းထုတ်ပြန်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ပေါ်ပေါက်လာသည့် ၃၅ နှစ်မြောက် သည့် ယနေ့ တွင် NLD ဗဟိုအလုပ်ကော်မတီက အဆိုပါ ကြေညာချက်ကို ထုတ်ပြန် ကြေညာခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မူလစတင်တည်ထောင်စဉ်ကပင် အခြေခံ လူ့အခွင့်အရေး၊ ဖက်ဒရယ် ဒီမိုကရေစီရေးတို့ကို ဦးတည်ချက်များ ထား၍ ရပ် တည် ဆောင်ရွက်ရန်နှင့် ပြည်သူလူထုကို ဖိနှိပ်မည့်အာဏာ ရှင်ဆန်သော နိုင်ငံရေးစနစ်မျိုး မည်သည့်အခါမျှ ပေါ်ပေါက်ခြင်း မရှိစေရေး အတွက် ကြိုး ပမ်း ဆောင်ရွက် သွားရန် တည်ထောင်ခဲ့သော ပါတီဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့် ပြည်သူလူထု ဆန္ဒကိုသာ အလေးအနက်ထား အကောင် အထည် ဖော်မှု တို့ကြောင့် ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှုဖြင့် ဝင်ရောက် ယှဉ်ပြိုင် သော ရွေးကောက်ပွဲများတွင် သောင်ပြိုကမ်းပြိုအနိုင်ရရှိခဲ့ကြောင်း NLD က ပြော သည်။

နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရ သည့် ထုံးစံရှိသော်လည်း ဒီမိုကရေစီစံနှုန်းများနှင့် ကိုက်ညီမှုမရှိခြင်း ၊ တရားမျှတမှုမရှိသည့် ရွေးကောက်ပွဲဥပဒေများရှိခြင်းတို့ကြောင့် (၂၀၁၀) ရွေးကောက်ပွဲကို ဆန့်ကျင်ရပ်တည်ခဲ့သလို ယနေ့အချိန်တွင်လည်း ဥပဒေမဲ့ နိုင်ငံတော်အာဏာကို မတရားသိမ်းထားသည့် စစ်ကောင်စီက ကျင်းပရန် ကြံစည်နေသော အတုအယောင် ရွေးကောက်ပွဲကို အသိ အမှတ်မပြု ဆန့်ကျင် ရပ်တည်သွားမည်ဖြစ်ကြောင်း၊ NLD က တရားဝင် ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ အာဏာ သိမ်းပြီးနောက် အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နယ်မြေဒေသအသီးသီးမှ တက်ကြွလှုပ်ရှားသူများ ၊ အရပ်သားပြည်သူ များကို ယနေ့တိုင် ဖမ်းဆီးထိန်း သိမ်း‌ အကျဉ်းချထားလျက်ရှိရာ အရပ်သားပြည်သူပေါင်း ၁၅,၈၃၈ ဦး ဖမ်းဆီး ထိန်း သိမ်းခံထားရပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ‌အဖွဲ့ဝင် ၁,၇၆၉ ဦး ပါဝင်ကာ ဥပဒေမဲ့ မတရား ဖမ်းဆီးနှိပ်စက်အသတ်ခံရသည့် အရပ်သားပြည်သူ ၄,၀၁၁ ဦးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၉၇) ဦး ပါဝင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီက ပြည်သူ ၆၈၈ ဦး၏ ပိုင်ဆိုင်မှုပစ္စည်းများ အား ဥပဒေမဲ့ ချိပ်ပိတ် သိမ်းဆည်းခဲကြောင်း အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၃၇၃) ဦးတို့၏ ပိုင်ဆိုင်မှုများ ပါဝင်ခဲ့ကြောင်း၊ ဗဟိုရုံးချုပ်အပါအဝင် အဆင့်ဆင့်သော အဖွဲ့ချုပ်ရုံးများသို့ ကျူးကျော်ဝင် ရောက်ပြီး ပစ္စည်းများကို ခိုးယူသယ်ထုတ်ခြင်း ၊ ‌ဖောက်ခွဲဖျက်ဆီးခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းတို့ကို အကြိမ် ၁၆၀ ပြုလုပ်ခဲ့ကြော်င်း သ်ရှိရသည်။

စစ်ဖက်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အဆင့်ဆင့်သော ပါတီရုံးခန်း များတွင် ရုံးလုပ်ငန်းများကို မဆောင်ရွက် နိုင်သော်လည်း အွန်လိုင်းဒစ်ဂျစ်တယ်ပလက်ဖောင်းကို အသုံးပြု၍ အဖွဲ့ချုပ် အဖွဲ့ဝင်အင်အားများကို စုစည်းကာ ဆွေးနွေးညှိနှိုင်းတိုင်ပင်လျက် နွေဦး တော်လှန်ရေးကြီး အောင်မြင် စေရန် ကြိုးပမ်းလှုပ်ရှားလျက်ရှိပြီး ပါတီ ဗဟိုကော်မတီအစည်းအဝေးကိုလည်း ၃ ကြိမ်တိုင်တိုင် ကျင်းပခဲ့ပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအား ချမှတ်အကောင်အထည်ဖော်လျက်ရှိကြောင်း NLD က ထုတ်ပြန်ထားသည်။

တိုင်းနှင့်ပြည်နယ်အလိုက် ညှိနှိုင်းရေးအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ကာ ဒေသအလိုက် တော်လှန်ရေးအင်အားစုများအပြင် စစ်ကောင်စီနှင့် ပူးပေါင်း ခြင်းမရှိသည့် နိုင်ငံရေးပါတီများနှင့်လည်း ရင်းနှီးစွာ ထိတွေ့ဆက်ဆံလျက် ဖက်ဒရယ်ဒီမိုကရေစီရေးနှင့် တော်လှန်ရေးကြီးအောင်မြင်စေရေး နည်း လမ်းများကို အတူပူးပေါင်း ရှာဖွေလျက်ရှိပြီး၊ မြန်မာ့နိုင်ငံရေးတွင် စစ်အာဏာ ရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားရေးကိုလည်း လက်တွေ့ကျသည့် နည်းလမ်း များဖြင့် လုပ်ဆောင်လျက်ရှိကြောင်း NLD က တရားထုတ်ပြန်သည်။

မြန်မာ့အကျပ်အတည်းမှသည် ဒေသန္တရပြဿနာအဆင့်သို့ မကူးဆက်နိုင် စေရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် မရှိမဖြစ် အရေးပါသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ စစ်ဘေး ဒဏ်သင့် အရပ်သားပြည်သူများအား လူသားချင်းစာနာမှု အကူ အညီ များရရှိရေး၊ အရပ်သားများအား ပစ်မှတ် ထားတိုက်ခိုက်နေမှုများ အမြန်ဆုံး ရပ်ဆိုင်းသွားရေးတို့အတွက် မိတ်ဆွေနိုင်ငံများနှင့် နိုင်ငံတကာအသိုင်း အဝိုင်း အနေဖြင့် အားဖြည့်ကူညီပေးကြပါရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုက်တွန်းမေတ္တာ ရပ်ခံထားသည်။

ကမ္ဘာ့ကုလသမဂ္ဂအရည်အချင်းစစ်ကော်မတီအနေဖြင့်လည်း မြန်မာပြည်သူ များ ရွေးချယ်တင်မြှောက် ထားသော အရပ်သားအစိုးရအဖွဲ့ လက်ထက်က ခန့်အပ်ခဲ့သည့် သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ကမ္ဘာ့ကုလသမဂ္ဂတွင် မြန်မာနိုင်ငံကိုယ်စားပြုခွင့်ကို ဆက်လက် အသိအမှတ်ပြုပေးကြပါရန် NLD က ပန်ကြားထားသည်။

ဓာတ်ပုံ- NLD အစိုးရလက်ထက် နေပြည်တော်ရုံးဖွင့်ပွဲတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ ခေါင်းဆောင်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article