35 C
Yangon

မြင်းခြံမြို့နယ် ကြံ့ဖွတ်ပါတီ ကော်မတီဝင် ဇော်ဇော်ခိုင်နှင့် ပျော်ဘွယ်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး လှမြင့်တို့ ပစ်ခတ်ခံရပြီး သေဆုံး

Must read

မြင်းခြံမြို့နယ် ကြံ့ဖွတ်ပါတီ ကော်မတီဝင် ဇော်ဇော်ခိုင်နှင့် ပျော်ဘွယ်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး လှမြင့်တို့ ပစ်ခတ်ခံရပြီး သေဆုံး

■ ဧည့်စာရင်းတိုင်ချင်လို့ဆိုပြီး အိမ်ထဲဝင်ကာ အုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့်ပစ်ခတ်

ရန်ကုန်၊ စက်တင်ဘာ ၂၇ ၄

မန္တလေးတိုင်း၊မြင်းခြံမြို့နယ် ကြံ့ဖွတ်ပါတီကော်မတီဝင် ဇော်ဇော်ခိုင်နှင့် ပျော်ဘွယ်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး လှမြင့်တို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောသည်။

စက်တင်ဘာ ၂၆ ရက်နေ့ နံနက် ၆ နာရီအချိန် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ကန်နီကျေးရွာတောင်ပိုင်း နေသူ ကြံ့ဖွတ်ပါတီ၏ မြင်းခြံမြို့နယ် ကော်မတီဝင် ဇော်ဇော်ခိုင်(ခ) မာတောက်၊ကို ၎င်းနေအိမ်တွင် သေနတ်သမားတချို့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း ၊ သေနတ်သမား ၅ ဦးက ဆိုင်ကယ် ၂ စီးဖြင့်ရောက်ရှိလာပြီး ဇနီးဖြစ်သူကို ရန်ပြုခြင်းမရှိဘဲ ဇော်ဇော်ခိုင်(ခ)ဦးမာတောက်ကို ” မာတောက်ဆိုတာ မင်းလားကွ ” ဟု ပြောဆိုကာ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း၊ ပစ်ခတ်မှုကြောင့် ဇော်ဇော်ခိုင်(ခ)ဦးမာတောက် မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

အလားတူ စက်တင်ဘာ၂၃ ရက်နေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့် ပျော်ဘွယ် မြို့နယ်၊ပေပင်ရှည်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာနေ ပေပင်ရှည် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးလည်းဖြစ်၊ ကြံ့ဖွတ်ပါတီ ရပ်/ကျေး ဥက္ကဋ္ဌ လည်းဖြစ်သူ လှမြင့် သည် နေအိမ်တွင် ရှိနေစဉ် လက်နက်ကိုင် ၃ဉီးက ဆိုင်ကယ် ၂စီးဖြင့် ရောက်လာပြီး ဧည့်စာရင်းတိုင်ချင်သည်ဟု ပြောဆိုကာ နေအိမ်အတွင်းဝင်ရောက်၍ သေနတ် ဖြင့် ၃ ချက်ပစ်ခတ်သဖြင့် လှမြင့် ပွဲချင်းပြီး သေဆုံး ခဲ့ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article