31 C
Yangon

လောင်းလုံးမြို့နယ်တွင် ၃ လတာအတွင်း စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ၉ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

လောင်းလုံးမြို့နယ်တွင် ၃ လတာအတွင်း စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ၉ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ၃ လတာအတွင်း စစ်တပ်အတွက် အလုပ်လုပ်ပေးသူ ၉ ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇူလိုင်လ ၁၀ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာ၊ သဲပုံတောင်ပေါ်၌ တပ်စွဲနေထိုင်သော အကြမ်းဖက် စစ်တပ်မှ တပ်သား ၂ ဦးသည် ပြည်သူအသွင်ယူကာ ကျေးရွာအတွင်းသို့ နယ်မြေ သတင်းများရယူရန် ဆင်းလာစဥ် လမ်းပိုင်း တစ်နေရာ၌ ဖမ်းဆီးကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၁၆ ရက်နေ့ တွင် လောင်းလုံးမြို့နယ်၊ မြခါးပတ်ကျေးရွာနေ အောင်မိုးဆိုသူနှင့် သာသနာကို ခုတုံးလုပ်၍ အသွင်ယူကာ နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများ၏ သတင်းများ စုံစမ်း ထောက်လှမ်းနေသည့် သီလရှင် ၁ ဦးကို လမ်းပိုင်း တစ်နေရာတွင် ဖမ်းဆီးကာ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော အောင်မိုးသည် အင်းဇောက်ကျေးရွာပျူစောထီး ဦးဝင်းမြင့်၏ ညွှန်ကြားမှုဖြင့် နယ်မြေအတွင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းများနှင့် လိုက်ပါနေပြီး လားဘောင်တောင် စစ်တပ် စခန်းရှိ စစ်သားများနှင့်လည်း ချိတ်ဆက် လုပ်ကိုင်နေသူ ဖြစ်ကြောင်း၊ ဘာသာရေး အယောင်အဆောင် သီလရှင်သည်လည်း နယ်မြေအတွင်း တော်လှန်ရေး အင်းအားစုများ၏ သတင်းများကို စုံစမ်း ထောက်လှမ်း၍ စစ်တပ်ထံ ပေးပို့နေသူဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ ၂၂ ရက်နေ့တွင် လောင်းလုံးမြို့ ပျူစောထီးခေါင်းဆောင် မင်းသိန်း၏ အဖွဲ့ဝင် ၁ ဦးဖြစ်သော သက်စိုးထိုက်ဆိုသူသည် စစ်သားများနှင့်အတူ ဆက်ကြေး ကောက်ယူမှု များတွင်လည်း ပူပေါင်း လုပ်ကိုင်မှုများ ရှိနေသောကြောင့် လမ်းပိုင်း တစ်နေရာတွင် ဖမ်းဆီးကာ ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၆ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ ဝေဒီကျေးရွာနေ ဝါဝါ ဆိုသူသည် စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့များ၏ လုပ်ငန်းများ အတွင်းပူးပေါင်း ပါဝင် လုပ်ဆောင်နေပြီး လောင်းလုံးမြို့နယ်အတွင်း ဆက်ကြေးများ ကောက်ယူ၍ ခရိုင်ရဲမှူးထံ လစဉ်ပေးပို့နေမှုများ ရှိခြင်းကြောင့် ဝေဒီကျေးရွာကို ပြန်လာစဥ် လမ်းပိုင်း တစ်နေရာတွင်ဖမ်းဆီးကာ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၃ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာ ပျူစောထီးခေါင်းဆောင် နုသိန်း၏ အဖေဖြစ်သူသည် သမီးနှင့် အတူ ပူးပေါင်းကာ စစ်တပ်၏ လုပ်ငန်းများတွင် ပါဝင် ပတ်သက် လုပ်ဆောင်နေခြင်း၊ တော်လှန်းရေး အင်းအားစုများ၏ နယ်မြေသတင်းများအားစုံစမ်း ထောက်လှမ်းကာ သမီးဖြစ်သူထံ သတင်းပေးပို့ခြင်း၊ လူမှုရေးဖောက်ပြန်မှုများရှိ ကျူးလွန်ထားခြင်း​ကြောင့် ၎င်းနေအိမ်ကို သွားရောက်ဖမ်း ဆီးကာ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ အင်းဇောက်ကျေးရွာနေ တောက်တောက်နှင့် အောင်နိုင်ရှိန် တို့ ၂ ဦးသည် အင်းဇောက် ပျူစောထီးခေါင်းဆောင် နုသိန်း၏ လူယုံများဖြစ်ပြီး နုသိန်း ထံမှ လစာယူ၍ နယ်မြေအတွင်းရှိ တော်လှန်းရေး အင်အားစုများ၏ သတင်းများကို ထောက်လှမ်းခြင်း၊ မြို့နယ်အတွင်း စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေသည့် လုပ်ငန်းများ အတွက် နယ်မြေသတင်းများကို လိုက်လံ စုံစမ်းထောက်လှမ်း နေခြင်းကြောင့် လမ်းပိုင်း တစ်နေရာတွင် ဖမ်းဆီးကာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရသည်။

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်နှင့်ပူးပေါင်း၍ စစ်တပ် လုပ်ငန်းများတွင် ပူးပေါင်း ပါဝင် ပက်သက်နေသူများနှင့် တော်လှန်ရေး အင်အားစုများ၏ သတင်းအချက်အလက်များကို စုံစမ်းထောက်လှမ်းကာ စစ်တပ်ထံ သတင်းပေးပို့နေသူများကို စုံစမ်း သိရှိထားပြီးဖြစ်၍ စစ်တပ်နှင့်ပူးပေါင်း လုပ်ဆောင်နေမှုများကို အမြန်ဆုံးရပ်တန့်ကြရန် မေတ္တာရပ်ခံ သတိပေးတားမြစ်အပ်ကြောင်း၊ လောင်းလုံး PDF ၏ သတိပေးတားမြစ်မှုများကို လိုက်နာမှုမရှိဘဲ ဆက်လက် ပူးပေါင်း လုပ်ဆောင်နေပါက စစ်ရေးအရ ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article