36 C
Yangon

ဘောလခဲမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်ထံမှ သေနတ် ၆ လက် သိမ်းဆည်းရရှိထား

Must read

ဘောလခဲမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားနေပြီး စစ်တပ်ထံမှ သေနတ် ၆ လက် သိမ်းဆည်းရရှိထား

ရန်ကုန်၊ စက်တင်ဘာ ၂၇

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအုပ်စုတွင် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက်စစ်တပ်ထံမှ သေနတ် ၆ လက်ရရှိထားကြောင်း KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၆ ရက်နေ့ကမှ စတင်၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်း တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်သား အများအပြား ထိခိုက်သေဆုံးမှုရှိကာ သေနတ် ၆ လက်သိမ်းဆည်းရရှိထားသည်ဟု သိရှိရသော်လည်း အတိအကျ မသိရသေးကြောင်း ပြောဆိုသည်။

“ဘောလခဲနန်းဖဲ ဂွင်မှာ တိုက်ပွဲဖြစ်တယ်၊ မှန်တယ်၊ မနေကလည်း နည်းနည်းဖြစ်တယ်၊ ဒီနေ့လည်း ထပ်ဖြစ်မယ်ထင်တယ်၊ အဆက်အသွယ်မရသေးဘူး၊ အစုံမသိရသေးဘူး၊ အလှမ်းနည်းနည်းဝေးနေလို့ ၊ လောလောဆယ် သေနတ် ၆ လက်ရတယ်လို့ သိထားရတယ်၊ ကျနော်တို့ဘက်က ရဲဘော်တွေတော့ ထိခိုက်မှုရှိတယ်လို့ မကြားရသေးပါဘူး” ဟု KA စစ်ရေးချုပ် ဗိုလ်မှူးကြီး ဖုန်းနိုင်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ အတည်ပြုပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article