35 C
Yangon

ကော့ကရိတ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ မိုးကုတ်ရှိ စစ်တပ် စခန်းကို မိုင်းခွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

Must read

ကော့ကရိတ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး၊ မိုးကုတ်ရှိ စစ်တပ် စခန်းကို မိုင်းခွဲတိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောင်ကြာအင်းဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်း ဖက်စစ်သားများကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်းထံမှ သိရသည်။

စက်တင်ဘာလ ၂၄ ရက်နေ့နံနက် ၁၀ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီ စကခ ၁၂ လက်အောက်ခံ ခလရ ၂၃၀ ၊ ခမရ ၅၄၆ ၊ ခလရ ၂၀၈ ပူးပေါင်းတပ်ရင်းတို့မှ အင်အား ၇၀ ခန့်ဖြင့် ကော့ကရိတ်မြို့နယ် ၊ တောင်ကြားအင်းကျေးရွာသို့ စစ်ကြောင်းထိုးကာ တောင်ကြာအင်းဘုန်းကြီးကျောင်း၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ တိုက်ခိုက် ခဲ့ရာ ညနေ ၃ နာရီအထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၇ ဦးဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို ကျားဖြူစစ်ကြောင်း တပ်ခွဲ-၃ ပျံလွှားတပ်ဖွဲ ၊ KNLA-၂၇၊ KNDO တပ်ရင်း-၆ ၊ ဂဠုန်စစ်ကြောင်း တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ၅ မိုင်းကုန်းရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်စခန်းကို မိုင်းခွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း မိုးကုတ်အခြေပြု တပ်ရင်း များ ထံမှ သိရသည်။

စက်တင်ဘာလ ၂၅ ရက် ည ၉ နာရီခွဲခန့်က အဆိုပါအကြမ်းဖက်စစ်တပ် ဂိတ်စခန်းအား မိုးကုတ်ဗျူဟာ နှင့် ပူးပေါင်းဆောင်ရွက်နေသူများမှ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းဂိတ်စခန်းတွင် တာဝန်ကျနေ သော အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article