27 C
Yangon

သားဖြစ်သူ အောင်ပြည့်စုံကို ဆောက်လုပ်ခွင့်ချပေးခဲ့သော ပြင်ဦးလွင် ကုတင် ၇၀၀ ကင်ဆာ စစ်ဆေးရုံကို အဖေဖြစ်သူ မင်းအောင်လှိုင်က အခမ်းအနားဖြင့် ဖွင့်လှစ်မည်

Must read

သားဖြစ်သူ အောင်ပြည့်စုံကို ဆောက်လုပ်ခွင့်ချပေးခဲ့သော ပြင်ဦးလွင် ကုတင် ၇၀၀ ကင်ဆာ စစ်ဆေးရုံကို အဖေဖြစ်သူ မင်းအောင်လှိုင်က အခမ်းအနားဖြင့် ဖွင့်လှစ်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၈

အကြမ်းဖက် မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံကို ဆောက်လုပ် ခွင့်ချ ထားပေးခဲ့သော ပြင်ဦးလွင် ကုတင် ၇၀၀ ကင်ဆာစစ်ဆေးရုံ ဆောက် လုပ်ပြီးစီးသွားပြီဖြစ်၍ လာမည့် အောက်တိုဘာလ ၂ ရက်နေ့တွင် မင်းအောင် လှိုင် ကိုယ်တိုင် တက်ရောက် အခမ်းအနားဖြင့် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရှိရသည်။

“အောက်တိုဘာ၂ရက်နေ့ ပြင်ဦးလွင်မှာ ကုတင် ၇၀၀ စစ်ဆေးရုံနှစ်တစ်ရာ ပြည့်ပွဲ လုပ်မယ်။ ပြီးရင် ပြင်ဦးလွင် ကုတင် ၇၀၀ ကင်ဆာစစ်ဆေးရုံဖွင့် ပွဲရှိတယ်။ မအလကိုယ်တိုင်ဖဲကြိုးဖြတ်ဖွင့်မယ်။ ဆေးရုံဝင်းထဲမှာ ပျော်ပွဲ ရွှင်ပွဲကို အောက်တိုဘာ ၉ ရက်နေ့ အထိလုပ်မယ်” ဟု ပြင်ဦးလွင်ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်း ဖက် ဖက်ဆစ်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သားဖြစ်သူ အောင်ပြည့်စုံ၏ Sky One ဆောက်လုပ်ရေးကုမ္ပဏီထံသို့ ပြင်ဦးလွင် အမှတ် ၁ စစ် တပ် ကင်ဆာကုဆေးရုံဆောက်လုပ်ခွင့်ကို အာဏာသိမ်းပြီးနောက် ချထားပေးခဲ့သည်။

အကြမ်းဖက် မင်းအောင်လှိုင်သည် သားဖြစ်သူ အောင်ပြည့်စုံ၏ Sky One ဆောက်လုပ်ရေးကုမ္ပဏီကို ရန်ကုန်ရှိ အမှတ် ၁ စစ်ဆေးရုံ အထူးကုစင်တာ၊ ပြင်ဦးလွင် ကုတင် ၇၀၀ ကင်ဆာကုဆေးရုံ အပါအဝင် စစ်တပ်နှင့်သက်ဆိုင် သော ဆောက်လုပ်ရေး လုပ်ငန်းများအားလုံး ဆက်တိုက် ချထားပေးလျက် ရှိကြောင်း၊ ဒလရှိ တော်ပီဒို စက်ရုံကိုလည်း အောင်ပြည့်စုံပင် ဆောက်လုပ် ခွင့်ပေး ခဲ့သည်။

အောင်ပြည့်စုံသည် ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited စသည့် ကုမ္ပဏီများစွာကို နာမည်မျိုးစုံဖြင့် လုပ်ကိုင်နေသူလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article