25 C
Yangon

တရုတ်-မြန်မာနယ်နယ်စပ်အနီးတွင် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှုများကို တားဆီးရေး ကန့်သတ်ဇုန်တစ်ခုကို တရုတ်အစိုးရက ထူထောင်မည်

Must read

တရုတ်-မြန်မာနယ်နယ်စပ်အနီးတွင် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှုများကို တားဆီးရေး ကန့်သတ်ဇုန်တစ်ခုကို တရုတ်အစိုးရက ထူထောင်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၈

တရုတ်-မြန်မာနယ်နယ်စပ်အနီးတွင် အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှုများကို တားဆီးရေး ကန့်သတ်ဇုန်တစ်ခုကို တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ် အစိုးရက ထူထောင် မည်ဖြစ်ကြောင်း တရုတ်သတင်းဌာနများက သတင်းဖော်ပြသည်။

အောက်တိုဘာ ၁ ရက်မှစတင်၍ ယခုနှစ်ကုန်အထိ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ်အနီး၊ ယူနန်ပြည်နယ်အတွင်း အွန်လိုင်းငွေလိမ်ရာဇဝတ်ဂိုဏ်းများ၏ လူကုန်ကူးမှုများကို တားဆီးနိုင်ရေး ကန့်သတ်ဇုန် ထူထောင်မည်ဖြစ်ကြောင်း၊ အဆိုပါကန့်သတ်ဇုန်တွင် လူနှင့်ယာဉ်များ ဝင်ရောက်မှုများကို ထိန်းချုပ်မည် ဖြစ်ကြောင်း၊ အဆိုပါ ကန့်သတ်ဇုန်သည် အွန်လိုင်းငွေလိမ်ရာဇဝတ် ဂိုဏ်းများ တွင် အလုပ်လုပ်ရန် တရုတ်နိုင်ငံသားများ လူကုန်ကူးခံရမှုကို လျှော့ချရန် ၊ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသော အွန်လိုင်းငွေလိမ် ရာဇဝဝတ်ဂိုဏ်း များ၏ လူကုန်ကူးမှုတားဆီးရန် ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရှိရသည်။

တရုတ်အစိုးရက တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားသည့် နိုင်ငံရပ်ခြား လိမ်လည်လှည့်ဖြားမှုများကို တိုက်ဖျက်ရန် နည်းလမ်းအသစ်များကို ရှာဖွေနေ ကြပြီး ဥပမာအားဖြင့် တရုတ်နိုင်ငံသားများအနေဖြင့် သိကျွမ်းမရှိသော တရုတ် ပြည် ပြင်ပမှ ဖုန်းခေါ်ဆိုမှုများအားလုံးကို ဘလော့ကြရန် တိုက်တွန်းထားသည်။

တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားပြီး နယ်စပ်ဖြတ်ကျော် ဖြားယောင်းသွေး ဆောင်သည့် ရာဇ၀တ်ဂိုဏ်းများကို နှိမ်နင်းရန် မြန်မာနိုင်ငံကို တရုတ်အစိုးရက တောင်းဆိုထားကြောင်း၊ မြန်မာနိုင်ငံအခြေစိုက် ဆိုက်ဘာရာဇ၀တ်ဂိုဏ်း များကို နှိမ်နင်းရေး တရုတ်အစိုးရက ထိုင်း၊ လာအိုနိုင်ငံတို့နှင့်ပါ ပူးပေါင်း ဆောင် ရွက်ရေး ကတိပြု ခဲ့ကြကြောင်း သိရှိရသည်။

တရုတ်-မြန်မာနယ်စပ် ကန့်သတ်ဇုန်အတွင်းသို့ ဝင်ရောက်လိုသည့် လူများနှင့် ယာဉ်များသည် နယ်စပ်ဖြတ်ကျော်မည့် ရည်ရွယ်ချက်ကို ဖော်ပြသော ဒေသ အာဏာပိုင်များထံတွင် စာရင်း မှတ်ပုံတင်ရမည်ဖြစ်ကြောင်း၊ တရုတ်အာဏာ ပိုင် များက ကန့်သတ်ဇုန်အတွင်း ဝင်ရောက်လာသည့် လူတစ်ဦးချင်းစီနှင့် ယာဉ်များကိုစစ်ဆေးမည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်အခြမ်းတွင် မွေးမြူရေး သို့မဟုတ် စားကျက်ဇုန် သို့ ဝင်ရောက်ရန် လိုအပ်သူများသည် ဒေသအာဏာပိုင်များထံမှ ထောက်ခံချက်လက်မှတ်ကို ရယူသင့်ပြီး တောတောင် ထိန်းသိမ်းရေး လုပ်ငန်း ကဲ့သို့သော လုပ်ငန်းခွင်ဝင်ရန် လိုအပ်သူများသည် နီးစပ်သော ပူးပေါင်း ကာ ကွယ် ရေးအဖွဲ့ရုံးများတွင် လစဉ် စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း၊ ဆောက် လုပ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေးပရောဂျက်များ သို့မဟုတ် သစ်ခုတ်ခြင်း လုပ် ငန်း တွင်ပါ၀င်သည့် အခြားအလုပ်သမားများသည် ၎င်းတို့၏ ကြီးကြပ်ရေး မှူးများထံမှ ထောက်ခံချက်လက်မှတ်များရယူပြီး နှစ်ပတ်တစ်ကြိမ် သက်တမ်း တိုးရမည်ဖြစ်ကြောင်း၊ အဆိုပါ အကြောင်းကြားစာတွင် တပ်မတော်နှင့် ရဲစခန်း များတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များအား စစ်ဆေးမှုများ ပြု လုပ် မည်မဟုတ်ကြောင်း သိရသည်။

လွန်ခဲ့သော နှစ်များအတွင်း တရုတ်အစိုးရက မြန်မာနိုင်ငံရှိ ရာဇ၀တ်ဂိုဏ်းများ ကို ပစ်မှတ်ထား နှိမ်နင်းမှုများဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ အွန်လိုင်း ရာဇဝတ် ဂိုဏ်းများတွင် အလုပ်လုပ်ရန် လူကုန်ကူးခံရသူများသည် အတင်းအကျပ် ဖမ်းဆီး ထိန်းသိမ်းခံရကာ ဖုန်းအော်ပရေတာများ၊ ကွန်ပြူတာ ပရိုဂရမ်မာများ ဖြင့် အွန်လိုင်းမှတစ်ဆင့် ငွေကြေးလိမ်လည်မှုများကို လုပ်ဆောင်ရကြောင်း သိရှိရသည်။

ယခုလ အစောပိုင်းတွင် တရုတ်နိုင်ငံက မြန်မာနိုင်ငံ မြောက်ပိုင်းရှိ အွန်လိုင်း ရာဇဝတ်ဂိုဏ်းများ အခြေစိုက်ရာ နေရာ ၁၁ ခုကို ပူပေါင်းစစ်ဆင်ရေး ဖြင့် ဖြိုခွင်းခဲ့ပြီး လိမ်လည်မှုဖြင့် လိမ်လည်မှုဖြင့် သံသယရှိသူ ၂၆၉ ဦးကို ဖမ်းဆီး ခဲ့ကြောင်း ၊ ယင်းအနက်မှ တရုတ်နိုင်ငံသား ၁၈၆ ဦးကို ပြန်လည် ခေါ်ယူခဲ့ ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article