25 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၂၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ –

နွေဦးတော်လှန်ရေး ထိုးစစ် အရှိန် ထပ်မြှင့်ရင် အကြမ်းဖက် စစ်ကောင်စီပြိုလဲသွား ဖို့ ရှိနေပြီး လက်ရှိမှာ ကျေးလက်ကနေ မြို့ပြဆီသို့ မဟာဗျူဟာနဲ့ ထိုးစစ် အကြိုကာလကို ရောက် ရှိနေပြီဖြစ်တယ်လို့ NUG ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

– ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အမှတ် ၇ ရပ်ကွက်၊ ဗောဓိလမ်းမှာ ရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ ကော့ကရိတ် မြို့နယ် လဝက ရုံးဟာ စက်တင်ဘာလ ၂၇ ရက်နေ့ ညပိုင်းက မီးရှို့ခံရပြီး ၊ တစ်ရုံးလုံ ပြာကျသွားတယ်လို့ ဒေသခံ ပြည်သူတွေက ပြောပါတယ်။

– ကရင်ပြည်နယ်၊ ဘားအံမြို့နယ်မှာ အကြမ်းဖက် စစ်တပ်က နာရေးအသင်းအဖွဲ့အဖြစ် အသွင်ယူပြီး စစ်ရေး လုပ်ဆောင်နေတာကြောင့် တော်လှန်ရေး တပ်ဖွဲ့တွေကနေ စစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ အမှတ် ၁ မိတ်ဖက် တော်လှန်ရေး တပ်ပေါင်းစု ဆီကနေ သိရပါတယ်။

– တရုတ်-မြန်မာနယ်နယ်စပ် အနီးမှာ အွန်လိုင်းငွေလိမ် ရာဇဝတ်ဂိုဏ်းတွေရဲ့ လူကုန်ကူးမှုတွေကို တားဆီးရေး ကန့်သတ်ဇုန်တစ်ခုကို တရုတ်နိုင်ငံ၊ ယူနန် ပြည်နယ် အစိုးရက ထူထောင်မှာဖြစ်တယ်ဆိုတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article