27 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ရွှေကုန်းရွာ စေတီကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ဘုရားရုပ်ထုတော်များ ပျက်စီး

Must read

ဆားလင်းကြီးမြို့နယ်၊ ရွှေကုန်းရွာ စေတီကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ဘုရားရုပ်ထုတော်များ ပျက်စီး

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ရွှေကုန်းရွာ စေတီကို စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ဘုရားရုပ်ထုတော်များ ပျက်စီးခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းက မုံရွာမှ စုန်ဆင်းလာသည့် အကြမ်းဖက် စစ်တပ်၏ စစ်င်္ဘော ၁ စီးက ချင်းတွင်းမြစ်ကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေကုန်းရွာ စေတီကို လက်နက်ကြီး ထိမှန်ပြီး ဘုရားရုပ်ထုတော်များ ပျက်စီးခဲ့​ကြောင်း သိရသည်။

” မနေ့က မုံရွာကနေ စုန်ဆင်းလာတဲ့ စစ်ခွေး သင်္ဘောက ပစ်ခတ်လို့ ရွှေကုန်းရွာထဲ လက်နက်ကြီးကျတယ်။ ကျေးရွာစေတီကို ထိမှန်ပြီး ဘုရားရုပ်ထုတွေ ပျက်စီးသွားတယ်။ နေအိမ်တွေလည်း ကျည်ဆထိမှန်တာတွေ ရှိတယ်” ဟု အညာပစ်တိုင်းထောင်လေးများ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

Photo – အညာပစ်တိုင်းထောင်လေးများအဖွဲ့

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article