25 C
Yangon

KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး အဖွားအို ၁ ဦးသေဆုံး

Must read

KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံး၊ စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး အဖွားအို ၁ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၂၉

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်မှ စစ်သား ၁ ဦးသေ ဆုံးခဲ့ကြောင်း မူတြော်သတင်းစဥ်က ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၂၆ မိနစ်က လူသောမြို့နယ်၊ ခေါဒေါ့ခိုစခန်းအနီး ဒိုခိုဝါးကျိုး၌ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် – KNLA အမှတ် ၅ လက်အောက်ခံတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ကြား ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ညနေ ၃ နာရီ ၁၀ မိနစ်တွင် ဒွယ်လိုးမြို့နယ်၊ ကုလားတန်း၌ ထပ်မံရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်း ဖက် စစ်သား ၁ ဦးသေဆုံးပြီး KNLA တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

စက်တင်ဘာလ ၂၃ ရက် နံနက် ၉ နာရီ မိနစ် ၅၀ ခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့မှ လူသောမြို့နယ်၊ ကွီးဒေါ၊ ဘောလေးခဲဒေသ တို့ရှိ ဒေသနေ ကရင်ပြည်သူများ၏ လယ်ယာ၊ တောင်ယာလုပ်ငန်းခွင်များ အတွင်းသို့ ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ခေးလေးခို ၊ စီဒေးဒေသတို့တွင်လည်း ၁၂၀ မမလက်နက်ကြီးဖြင့် ၂ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၁ ရက် နေ့တွင် ဒွယ်လိုးမြို့နယ်အတွင်းရှိ တာဟုလော် ကျေးရွာနှင့် သွာခိုလော်ကျေးရွာ အတွင်း သို့ အကြမ်းဖက်စစ်တပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ၅ လုံးပစ်ခတ်ခဲ့ရာ သွာခိုလော်ကျေးရွာနေ အသက် ၇၂ နှစ် အရွယ် အဖွားအို နော်ခု ကို ထိမှန်ခဲ့ပြီး သေဆုံးခဲ့ကြောင်း မူတြော်သတင်းစဉ်မှ ထုတ်ပြန်ထားသည်။

မူတြော်ခရိုင် အမှတ် ၅ တပ်မဟာ ထိန်းချုပ်နယ်မြေအတွင်း လာရောက်စခန်းချပြီး လှုပ်ရှားနေသည့် အကြမ်း ဖက်စစ်ကောင်စီတပ်သားများသည် ဒေသနေပြည်သူများ၏ လယ်ယာ၊ တောင်ယာလုပ်ငန်းခွင့်များ အတွင်းနှင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်တိုက်ခိုက်လျက်ရှိရာ KNLA တပ်ဖွဲ့များကလည်း မကြာခဏ ခုခံတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article