34 C
Yangon

ပုလောမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀ ကျော်ပြာကျ

Must read

ပုလောမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှု နေအိမ် ၃၀ ကျော်ပြာကျ

ရန်ကုန်၊ စက်တင်ဘာ ၂၉

တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ ကျေးရွာ ၄ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၃၀ ကျော် ပြာကျခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

စက်တင်ဘာလ ၁၅ ရက်နေ့မှ ၁၈ ရက်နေ့အထိ ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က လက္ကူးကျေးရွာအုပ်စုရှိ လက္ကူးရွာမှ နေအိမ် ၁၇ လုံး ၊ ပြင်းဖြူရွာမှ နေအိမ် ၇ လုံး ၊ မြဒေါင်ရွာမှာ နေအိမ် ၄ လုံး ၊ တိုကျေးရွာအုပ်စုရှိ ပိတပ်ရွာမှ နေအိမ် ၅ လုံး စုစုပေါင်း နေအိမ် ၃၃ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က နေအိမ်များအပြင် ဆိုင်ကယ် ၊ ဘေးတွဲ ဆိုင်ကယ် ၊ ကား ၊ သုံးဘီး ၊ လယ်ထွန်စက် တို့ကိုလည်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်များအပြင် လက်နက်ကြီးများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် နေအိမ်နှင့် စစ်သားများ ဖြိုချ ဖျက်ဆီးခဲ့သည့် နေအိမ် ၁၀ လုံးထက်မနည်းရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ပြင်းဖြူရွာနှင့် ပိတပ်ရွာ တို့မှ ပြည်သူ ၅ ဦးကိုလည်း ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ် ဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article