25 C
Yangon

ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများနှင့် အစားအသောက်များ ကျွေးမွေး လှူဒါန်း

Must read

ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို စားသောက်ကုန် ပစ္စည်းများနှင့် အစားအသောက်များ ကျွေးမွေး လှူဒါန်း

ရန်ကုန်၊ စက်တင်ဘာ ၂၉

ဒီပဲယင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများကို ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့က ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့၌ စားသောက်ကုန် ပစ္စည်းများနှင့် အစားအသောက်များ ကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ကာ ဒီပဲယင်းမြို့အနီးရှိ ဝပါကျေးရွာ၊ မှန်သာကျေးရွာ၊ သပြေသာကျေးရွာ၊ ရေတောကျောင်းရွာ၊ အင်းတန်းကျေးရွာနှင့် ငြိမ်းချမ်းရွာသစ်မှ ပြည်သူများ စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ဒေသပြည်သူများသည် စစ်ဘေး တိမ်းရှောင်နေရသည်မှာ ၃ ရက်ကြာမြင့်နေပြီဖြစ်ပြီး စားနပ်ရိက္ခာ အခက်အခဲဖြစ်ပေါ်လျက်ရှိ​ကြောင်း၊ စစ်ဘေးရှောင် ပြည်သူများရောက်ရှိရာ စစ်ရှောင် ဌာန ၅ ခုကိုလည်း ဆန်၊ ငါးခြောက် ၊ ကြက်ဥ နှင့် ဆီ များ ဒီပဲယင်းမြို့နယ် ညီနောင်များ အဖွဲ့က လှူဒါန်းခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article