25 C
Yangon

မြန်မာနိုင်ငံ၏ ၆၀ ရာခိုင်နှုန်းခန့်ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထား နိုင်ပြီး နေပြည်တော်ကို ခြိမ်းခြောက်နိုင်သည့် အနေအထားရောက် ရှိပြီ ဟု NUG ယာယီသမ္မတ ပြောဆို

Must read

မြန်မာနိုင်ငံ၏ ၆၀ ရာခိုင်နှုန်းခန့်ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထား နိုင်ပြီး နေပြည်တော်ကို ခြိမ်းခြောက်နိုင်သည့် အနေအထားရောက် ရှိပြီ ဟု NUG ယာယီသမ္မတ ပြောဆို

■ စစ်တပ်ဘက်မှ ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးတချို့ ဘက်ပြောင်းရန် ဆွေးနွေး မှုများ ရှိနေ

ရန်ကုန်၊ စက်တင်ဘာ ၃၀

မြန်မာနိုင်ငံ၏ ၆၀ ရာခိုင်နှုန်းခန့်ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထား နိုင် ပြီ ဖြစ်ပြီး နေပြည်တော်ကို ခြိမ်းခြောက်နိုင်သည့် အနေအထားရောက်ရှိပြီ ဟု အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆို လို က်သည်။

Bloomberg သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် အမျိုးသားညီညွတ်ရေး အစိုးရ NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း ပြောဆိုလိုက် ခြင်းဖြစ်သည်။

“ပြည်သူတွေရဲ့ ခုခံကာကွယ်ရေးစစ်ပွဲကို စတင်ခဲ့တာ ၂ နှစ်ကျော်ခဲ့ပါပြီ။ အခု တော့ PDF နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေအကြား ပူးပေါင်း ဆောင် ရွက် မှုတွေက ရလဒ်ကောင်းတွေ ရနေပါတယ်။ အခု နေပြည်တော်ကိုတောင် ခြိမ်းခြောက်နိုင်တဲ့ အနေအထား ရောက်နေပါပြီ” ဟု သမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

စစ်အစိုးရက အဓိကမြို့ကြီးများကို ထိန်းချုပ်ထားနိုင်သော်လည်း မြန်မာ့ အရေး ကျွမ်းကျင်သူများ၏ အကဲဖြတ်ချက်အရ စစ်တပ်က နိုင်ငံစုစုပေါင်း မြေဧရိယာ၏ ၁၇ ရာခိုင်နှုန်း ကိုသာ တည်ငြိမ်စွာ ထိန်းချုပ်ထားနိုင်သည်ဟု ဆိုသည်။ ယခုလအတွင်း နေပြည်တော် လေတပ်အခြေစိုက်စခန်း အပါအဝင် နေပြည်တော်တွင်းတွင် တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။

NUG သမ္မတ ဒူဝါလရှီးလ၏ အဆိုအရ တော်လှန်ရေးတပ်များသည် ယခုနှစ် အတွင်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲပေါင်း ထောင်ချီဖြစ်ပွားပြီးနောက် နိုင်ငံတစ်ဝှမ်းရှိ စစ်တပ်စခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ စစ်တပ်ဘက်မှ ဘက်ပြောင်းလာသူ ၁၄,၀၀၀ ခန့်ကိုလည်း ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်ဘက်က ကျနော်တို့နဲ့ ဆက်သွယ်လာတာတွေရှိပါတယ်။ တချို့ စစ်တပ်ထဲမှာရှိနေဆဲ ဗိုလ်မှူးချုပ်အဆင့် အရာရှိကြီးတချို့ ဘက်ပြောင်းဖို့ ဆွေးနွေးတာတွေရှိပါတယ်” ဟု NUG သမ္မတက ပြောဆိုသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ကျန်းမာရေး အခြေအနေ မှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာသည့်တိုင် လက်ရှိ တော်လှန်ရေးလမ်းကြောင်းကို ပြောင်းလဲနိုင်မည်မဟုတ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article