26 C
Yangon

ဆားလင်းကြီးမြို့ကို ဝင်ရောက်လာသည့် စစ်တပ်၏ ကျားဘီးလူးစစ်ကြောင်း​ မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

ဆားလင်းကြီးမြို့ကို ဝင်ရောက်လာသည့် စစ်တပ်၏ ကျားဘီးလူးစစ်ကြောင်း​ မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ စက်တင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ကို ဝင်ရောက်လာသည့် အကြမ်းဖက် စစ်တပ်၏ ကျားဘီးလူးစစ်ကြောင်း​ မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ယင်းမာပင်ခရိုင် အမှတ်၂၈ တပ်ရင်း ဓားမဆိုင်းတပ်မတော် မှ အထူးတိုက်ခိုက်ရေး တပ်ဖွဲ့ ခေါင်းဆောင် ကိုထွဋ်ခေါင် က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ နံက် ၁၀ နာရီ ၅၀ မိနစ်ခန့်က ဆားလင်းကြီးမြို့ အဝင် အနောက်ဘက်​ခြမ်းကို အကြမ်းဖက် စစ်တပ်၏ ကျားဘီးလူး စစ်ကြောင်း ရောက်ရှိလာစဥ် ယင်းမာပင်ခရိုင် အမှတ် ၂၈ တပ်ရင်း ဓားမဆိုင်း တပ်မတော်က ပဒေသာမိုင်း ၆ လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ စစ်သား ၂ ဦးသေဆုံးကာ ၇ ဦး ပြင်းထန် ဒဏ်ရာ ရရှိပြီး အကြမ်းဖက် စစ်သားများက လက်နက်ကြီး လက်နက်ငယ်များဖြင့် မိနစ် ၂၀ ခန့် ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ​ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကျားဘီးလူး စစ်ကြောင်းသည် လက်ရှိချိန်တွင် ဆားလင်းကြီးမြို့ ရဲစခန်းနှင့် ထွေအုပ်ရုံးကို ရောက်ရှိနေကြောင်း၊ ယင်း စစ်ကြောင်းက ပုလဲမြို့နယ် အတွင်း စက်တင်ဘာ ၂၇ ရက်နေ့က ညောင်းကုန်းရွာမှ တော်လှန်ရေးရဲဘော် ၁ ဦးနှင့် ပြည်သူ ၂ ဦးကို ဦးခေါင်းဖြတ်၍ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article