30.5 C
Yangon

နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနကြီးမှူးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ တွဲဖက် အတွင်းရေးမှူး ရဲမှူးချုပ် အောင်ဌေးမြင့် ထောင်ဒဏ် ၄ နှစ် ချမှတ် ခံရပြီး ရမည်းသင်း အကျဉ်းထောင်သို့ ပို့ဆောင်

Must read

နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနကြီးမှူးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ တွဲဖက် အတွင်းရေးမှူး ရဲမှူးချုပ် အောင်ဌေးမြင့် ထောင်ဒဏ် ၄ နှစ် ချမှတ် ခံရပြီး ရမည်းသင်း အကျဉ်းထောင်သို့ ပို့ဆောင်

ရန်ကုန်၊ အောက်တိုဘာ ၁

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနကြီးမှူးနှင့် အကြမ်း ဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ တွဲဖက် အတွင်းရေးမှူး ရဲမှူးချုပ် အောင် ဌေးမြင့် ကို ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်ပြီး ရမည်းသင်းအကျဉ်း ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ပြည်ထဲရေးသတင်းရင်းမြစ်များထံမှ သိရှိရသည်။

စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရဲမှူးချုပ်အောင်ဌေးမြင့်ကို ရဲစည်းကမ်းဖောက် ဖျက်မှုဖြင့် ထောင်ဒဏ် ၃ နှစ်၊ သတင်းထိန်ချန်မှုဖြင့် ထောင်ဒဏ် ၁ နှစ် စုစု ပေါင်း ထောင်ဒဏ် ၄ နှစ်ချမှတ်လိုက်ပြီး ထပ်မံ၍ တရားစွဲထားသော အမှုများ လည်းရှိကြောင်း သိရှိရသည်။

ဩဂုတ်လ ၃ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို အစိုး ရ အဖွဲ့ရုံး ဝန်ကြီး ရာထူးသို့ ပြောင်းရွှေ့တာဝန်ပေးခြင်း၊ စက်တင်ဘာလ တွင် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ရာထူးတာဝန်မှ အနားပေးခြင်း၊ စစ်ကောင်စီ အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ခြင်းတို့ကို အကြမ်းဖက် စစ်ကောင်စီက လုပ်ဆောင်ခဲ့ ကြောင်း၊ စိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီး အဖြစ် စတင် ဖယ်ရှားချိန်ကတည်းက နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ ဌာနကြီးမှူးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့၏ တွဲဖက် အတွင်းရေးမှူး ရဲမှူးချုပ် အောင်ဌေးမြင့်၊ စစ်ကိုင်း လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး ဉာဏ်မြင့်ကျော်၊ မန္တလေး တိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင် အပါအဝင် ရဲမှူးကြီးတချို့ကို ရာထူးတာဝန် များမှ အနား ပေး ခဲ့ကြောင်း၊ အဓိကအားဖြင့် နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ၊ အကျင့်ပျက်ခြစားမှုအပါအဝင် အမှုများစွာဖြင့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ရဲမှူးချုပ်‌ အောင်ဌေးမြင့်ကို စစ်ကောင်စီက ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး အမှုတချို့ကျန်ရှိနေဆဲဖြစ်ကြောင်း၊ ရဲမှူးချုပ် အောင် ဌေးမြင့်ကို ထောင်ဒဏ် ၄ နှစ်ချမှတ်မှုတွင် ကိုယ်ရေးကိုယ်တာနှင့် ပတ် သက်သည့် ရဲစည်းကမ်းဖောက်ဖျက်မှု၊ သတင်းထိန်ချန်မှုတို့ပါဝင်ကြောင်း သိရှိရသည်။

ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကိုလည်း လက်ရှိတွင် စစ်ကောင်စီက အကျယ်ချုပ် ဖမ်းဆီး ထိန်းသိမ်း‌ပြီး အကျင့်ပျက်ခြစားမှု၊ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု၊ အာဏာအလွဲသုံးစားမှုများဖြင့် စစ် ဆေးမှုများ လုပ်ဆောင် နေကြောင်း သိရှိရသည်။။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article