25 C
Yangon

လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့် တောင်ဥက္ကလာတို့တွင် ပေါက်ကွဲမှုများဖြစ်ပွား

Must read

လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့် တောင်ဥက္ကလာတို့တွင် ပေါက်ကွဲမှုများဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၁

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ မြောက်ဒဂုံနှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် ပေါက်ကွဲမှုများဖြစ်ပွားကြောင်း ရန်ကုန်မြို့မှ ပြည်သူတချို့က ရန်ကုန်ခေတ် သစ် သတင်းဌာနထံသို့ ဆက်သွယ်ပြောဆိုသည်။

အောက်တိုဘာလ ၁ ရက်နေ့ ည ၉ နာရီအချိန် လှိုင်မြို့နယ်အတွင်း ပေါက်ကွဲသံ တစ်ချက် အလွန်ကျယ်လောင်စွာ ကြားရကြောင်း လှိုင်မြို့နယ် ၁ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

” ည ၉ နာရီလောက်တုန်းက ပေါက်ကွဲသံ အတော်ကို ကျယ်ပါတယ်။ ဘယ်နား ပေါက်လဲတော့မသိဘူး။ ကျနော်တို့ ၁ ရပ်ကွက်ဘက်ကနေ ပီပီသသကြား ရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဒဂုံမြို့သစ်မြောက်ပိုင်းတွင် ယနေ့ ည ၉ နာရီ ၃၅ မိနစ်အချိန်တွင် လည်းကောင်း၊ တောင်ဥက္ကလာပမြို့နယ်တွင်လည်း ယနေ့ည ၉ နာရီ ၃၇ မိနစ်တွင် လည်းကောင်း ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့ကြောင်း သိရှိရသည်။

“ဒီနေ့ည ၉ နာရီ ၃၀ ကျော်ကျော်လောက် ပေါက်ကွဲသံက တော်တော်ကိုကျယ် တ ယ်။ နေရာမသိပါဘူး။” ဟု ဘေလီတံတားအနီးတွင် နေထိုင်သူ ပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံရဲများက ရန်ကုန်တွင် စစ်ဆေးမှုများလုပ်ဆောင်နေစဉ်။ (ပုံအဟောင်းဖြစ်သည်။)

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article