Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ဒီကနေ့ အောက်တိုဘာ ၃ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
-ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်တဲ့အဖွဲ့ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့သွားရောက်တွေ့ဆုံမှုဟာ KNUနဲ့ လုံး၀မသက်ဆိုင်ဘူးလို့ KNU က မနေ့ညက သတင်းထုတ်ပြန်လိုက်ပါတယ်။
-ပြည်သူတွေကို သတ်ဖြတ်နေတဲ့စစ်ဗိုလ်ချုပ်တွေကို အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC ခုံရုံးမှာ အရေးယူနိုင်ရေးအတွက် Rome Statute အဖွဲ့ဝင်နိုင်ငံအဖြစ် လက်မှတ်ရေးထိုးဖို့ NUG က ICC တရားရုံးကို အကြောင်းကြားထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနကိုပြောပါတယ်။
– ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ နမ္မတူဒေသမှာ ငွေရည်ပုလဲကုမ္ပဏီက အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ကျောက်မီးသွေးတူးဖို့ဆိုပြီး ဒေသနေပြည်သူတွေရဲ့ လယ်မြေဧက ၅၀၀ ခန့်ကို မတရား သိမ်းယူထားတဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
