25 C
Yangon

ရေဦးရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ထိုးနေသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရေဦးရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ထိုးနေသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး စစ်ကြောင်း ထိုးနေသောကြောင့် ကျေးရွာ ၉ ရွာမှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ရေဦးအခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ဒီပဲယင်းမြို့နယ်ဘက်မှ ထွက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရေဦးမြို့နယ် အနောက်ခြမ်း အောင်သာရွာမှ တဆင့် ညောင်လှ-မူးဆုံကို ရောက်ရှိလာပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာများအတွင်း ပစ်ခတ်ကာ စစ်ကြောင်း ထိုးနေသောကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

လက်ရှိချိန်တွင် ရေဦးမြို့နယ် အနောက်ခြမ်းရှိ မစိုးရိမ်ရွာ ၊ အောင်သာရွာ ၊ ခြုံရွာ ၊ ကျီကုန်းရွာ၊ ဇီးကုန်းရွာ၊ ရွာမိဿာရွာ ၊ မူးဆုံရွာ ၊ မုတ်စီရွာ နှင့် ငြုတ္တုံရွာ တို့မှ စစ်ရှောင် ပြည်သူ ၅၀၀၀ ကျော်သည့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရှိရသည်။

” ဒီနေ့ ရေဦးမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေ ထွက်ပြေးတိမ်းရှောင် နေကြရတယ်။ စစ်ဘေးရှောင်ပြည်သူတွေကို ဘေးလွတ်ရာ ကျေးရွာတွေက ဝိုင်းဝန်းကူညီစောင့်ရှောက် ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်” ဟု ရေဦးအခြေပြုPeople’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article