25 C
Yangon

စဥ့်ကူးတွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ၊ ဆားလင်းကြီးတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

Must read

စဥ့်ကူးတွင် ပျူစောထီးများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦး သေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ၊ ဆားလင်းကြီးတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၃

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ မန္တလေး-မိုးကုတ်လမ်းပေါ် ငွေတောင်ရွာအနီးတွင် အကြမ်းဖက်စစ် တပ်လက်အောက်ခံ ပျူစောထီး ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးပြီး သေနတ် တစ်လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း စဉ့်ကူးမြို့နယ် မြေပြင်ကင်းထောက် သတင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂ ရက် ညနေ ၄ နာရီခွဲခန့်က စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ် ရွှေတော နယ်မြေမှ ကားဖြင့် ဆင်းလာသော ပျူစောထီး ငနိုင်နှင့်အဖွဲ့ကို ငွေတောင်ရွာနှင့် ညောင်ဝန်းရွာ အစပ်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားမှာ ပက်လက်လန်တိမ်းမှောက်သွားခဲ့ပြီး ကားပေါ်လိုက်ပါလာသူ ပျူစောထီး ၄ ဦးသေဆုံးကာ လက်လုပ် သေနတ် အရှည်တစ်လက်နှင့် ၅ ဒသမ ၅၆ ကျည် အချို့တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

“ငွေတောင်နဲ့ ညောင်းဝန်းအစပ်မှာဖြစ်တာ၊ မနက်က စုံစမ်းရသလောက်တော့ ၄ ဦးသေတယ်၊ ပျူငနိုင် က သေ၊ မသေ အတည်မပြုနိုင်သေးဘူး၊ အခုက ဆေးရုံရောက်နေတယ်လို့ ကြားတယ်၊ စဉ့်ကူးဆေး ရုံဖြစ်ဖို့ များတယ်။ ကားကတော့ လမ်းဘေးမှာပဲ ပက်လက်တိမ်းမှောက်နေတာ အခုထိရှိသေးတယ်၊ ပျူငနိုင်က ငွေတောင် အလင်းဆိုင်မှာ လူသတ်ပြီးတော့ ပတ်တိမ်းနေတဲ့သူ၊ တော် လှန်ရေးအင်အားစု တွေက သူ့ကိုပဲ အဓိကထား လိုက်နေတာ၊” ဟု စဉ့်ကူးမြို့နယ် မြေပြင်ကင်းထောက် သတင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို စဉ့်ကူးမြို့နယ် ပကဖနှင့် တော်လှန်ရေးအင်အားစုများ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ပြီး ကားကို ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ် ကောင်စီတပ် စစ်ကြောင်းများမှလည်း စဉ့်ကူးမြို့နယ်အတွင်း လှည့်လည်နေပြီး ပြည်သူများလည်း သတိထားနေထိုင်ကြရကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝကျေးရွာမှ ဆားလင်းကြီးမြို့သို့ တက်လာသော အကြမ်း ဖက်စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးထိမှန်ပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း One Star Task Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂ ရက် ညနေ ၄ နာရီခွဲခန့်က မုံရွာမြို့မှ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာပြီး ပေါင်းဝကျေးရွာမှတဆင့် ဆားလင်းကြီးမြို့ပေါ်သို့ ယာဉ် ၁၇ စီးဖြင့် တက်လာသော အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို One Star Task Force ၊ သေမင်းတမန်ပြောက်ကျားတပ်ဖွဲ့၊ ရွှေညီကို ပြောက် ကျား တပ်ဖွဲ့တို့ ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့် မိုင်းလုပ်ရန် ခဲယမ်းဖိုး ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article