25 C
Yangon

ယင်းမာပင်မြို့နယ်တွင် ဆက်ကြေးကောက်ရန် ထွက်လာသော ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

Must read

ယင်းမာပင်မြို့နယ်တွင် ဆက်ကြေးကောက်ရန် ထွက်လာသော ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၃

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ဆက်ကြေးကောက် ရန် ထွက်လာသည့် ရဲများကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုက တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ယင်းမာပင်မြို့နယ်၊ သီတဂူကျောင်းတိုက်၌ တပ်စွဲထားသော ရဲများသည် ပြည်သူများထံမှ ဆက်ကြေးကောက်ရန် ထွက်လာစဥ် ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ဒုရဲအုပ် ၁ ဦး နှင့် ရဲတပ်ကြပ် ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစု၏ အထူးကွန်မန်ဒို ၇ ဦးက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကြာချိန် ၇ မိနစ်ခန့်သာရှိခဲ့ကာ ရဲများထံမှ G3 သေနတ် ၂ လက် ၊ UZi သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

” အဲကောင်တွေက လမ်းပေါ်တက်ပြီး ပြည်သူတွေဆီက စက်ကြေးကောက်ဖို့ သူတို့ တပ်စွဲထားတဲ့ သီတဂူ ကျောင်းတိုက်ကနေ လမ်းပေါ်အထွက်ကို လမ်းမှာဖြတ်တိုက်တာ ၃ ကောင်သေတယ်။ သေနတ် ၃ လက် ရတယ်” ဟု ချိုမိုင်မိုင် ယင်းမာပင်မြို့နယ် မဟာမိတ်တပ်ပေါင်းစုမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လက်ရှိချိန်တွင် စစ်ရေးအရှိန် မြင့်ရန်အတွက် ကြိုးစားနေသောကြောင့် ပြည်တွင်း ပြည်ပရှိ ပြည်သူများအနေဖြင့် တတ်နိုင်သည့် ဘက်မှ ပါဝင်ကူညီပေးကြရန် ချိုမိုင်မိုင် ယင်းမာပင်မြို့နယ်မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article