25 C
Yangon

မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

Must read

မြင်းခြံ-နွားထိုးကြီးလမ်းပိုင်းတွင် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၃

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မြင်းခြံ-နွားထိုးကြီးလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် တပ် ရင်း ၄ (နွားထိုးကြီး PDF )မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂ ရက် ညနေ ၄ နာရီခန့်က မြင်းခြံမြို့ဘက်မှ နွားထိုးကြီးမြို့ဘက်သို့ မောင်းနှင်လာသော အကြမ်းဖက်စစ်ကား ၂ စီးကို မြင်းခြံ-နွားထိုးကြီးလမ်းမပေါ် ကုန်သာကျေးရွာ အနီး အရောက်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာ ရရှိကာ ကားတစ်စီးပျက်စီးခဲ့ကြောင်း သိရသည်။

“ခွေးကားက မြင်းခြံဘက်ကနေ နွားထိုးကြီးဘက်ကိုလာတာ၊ ကုန်းသာရွာအနီးလောက်မှာ မိုင်းဆွဲ တိုက် ခိုက်ခဲ့တာပါ၊ ပျက်စီးသွားတဲ့ ကာစတန်းကားနဲ့ ခွေးသေတွေကို ညကတည်းက လာသယ်သွားတယ်၊ ကားက ၂ စီးလာတာဆိုတော့ ကာစတန်ထဲက ၁၂ ဦးလောက်ပါမယ်၊ နောက်က ကားကတော့ ကားအ သေး ဆိုတော့ ၈ ဦးလောက်ပဲပါမယ်၊ သေဆုံးသူတွေနဲ့ ကားအပျက်ကိုတော့ နွားထိုးကြီးမြို့ထဲပဲ သယ် သွားပါတယ်” ဟု မြင်းခြံခရိုင် တပ် ရင်း ၄ (နွားထိုးကြီး PDF )မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို Natogyi People Defence မြင်းခြံခရိုင်အမှတ်-၄တပ်ရင်း တပ်ဖွဲ့ဝင်များမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများမှ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ် ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Natogyi People Defence မြင်းခြံခရိုင်အမှတ်-၄ တပ်ရင်းအနေဖြင့် စစ်ရေးအရှိန်မြင့် လူပ်ရှားလာ သည် နှင့် အမျှ လက်နက်၊ ခဲယမ်းများ ပြန်လည်ဖြည့်တင်း အားဖြည့်ရန် လိုအပ်နေပြီး မိဘပြည်သူများမှ တတ် နိုင်သလောက် ဝိုင်းဝန်းပါဝင် အားဖြည့်ပေးကြပါရန် မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article