33 C
Yangon

ဖရူဆို​​ရှိ ကျေးရွာ တစ်ရွာကို စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး

Must read

ဖရူဆို​​ရှိ ကျေးရွာ တစ်ရွာကို စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၅

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာ တစ်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ၂ ကြိမ်ဗုံးကျဲ တိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း ၁၅ က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၄ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဖရူဆိုမြို့နယ်ရှိ ဒေသ ပြည်သူများ နေထိုင်သည့် ကျေးရွာ ၁ ရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲ တိုက်ခိုက် ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု မရှိသော်လည်း စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော နေရာများသည် အရပ်သား ပြည်သူများ ပုံမှန်နေထိုင်သည့် ကျေးရွာများသာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာနှင့် မသက်ဆိုင်သော ​အလှမ်းဝေးသည့်ကျေးရွာ ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများကို ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက်ကာ စစ်ရာဇဝတ်မှု ပေါ်ပေါ်ထင်ထင် ကျူးလွန်လုပ်ဆောင်လျက်ရှိကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် တပ်ရင်း ၁၅ က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article