28 C
Yangon

ညောင်ဦးခရိုင် တပ်ရင်း ၁ အဖွဲ့၏ “ငါတို့မြို့ ငါတို့ပြန်မယ်” ကမ်ပိန်းကို ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

Must read

ညောင်ဦးခရိုင် တပ်ရင်း ၁ အဖွဲ့၏ “ငါတို့မြို့ ငါတို့ပြန်မယ်” ကမ်ပိန်းကို ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

ရန်ကုန်၊ အောက်တိုဘာ ၆

မန္တလေးတိုင်း၊ ညောင်ဦးခရိုင် ၊ ကျောက်ပန်းတောင်းအခြေစိုက် တပ်ဖွဲ့တစ်ခုဖြစ်သော Ah Nyar Myay Special Comando Defense Force မှ ပြုလုပ်နေသည့် “ငါတို့မြို့ ငါတို့ပြန်မယ်” ကမ်ပိန်းကို ပြည်သူများ ပူးပေါင်း ပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံကြောင်း ညောင်ဦးခရိုင် တပ်ရင်း ၁ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံမှ တဆင့် ပြော ကြားသည်။

အောက်တိုဘာလ ၅ ရက်နေ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အဆိုပါ ကမ်ပိန်းကို ပြုလုပ်သွားမည် ဖြစ်ပြီး တစ်နိုင်ငံလုံး စစ်ဆင်ရေးအရှိန်မြှင့်လာသည်နှင့် တပြိုင်နက် အကြမ်းဖက်စစ်ကောင်စီ၏ ဗဟို ချက် ဖြစ်သော ကျောက်ပန်းတောင်းမြို့ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ရန် ခဲယမ်းပမာဏ အများ အပြားလိုအပ်နေသဖြင့် “ငါတို့မြို့ ငါတို့ပြန်မယ်” ကမ်ပိန်းပြုလုပ်ကာ ရန်ပုံငွေ ရှာဖွေရခြင်းဖြစ်ကြောင်း၊ ကျောက်ပန်းတောင်း၏ အဓိက အစားအစာဖြစ်သည့် မုန့်ပြားသလပ်နှင့် အာလူးကြော်ကို ကမ်ပိန်း ပုံစံအနေဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

“ကျနော်တို့မြို့နယ်အတွင်းကို ပြန်လည် ဝင်ရောက်နိုင်ဖို့ပါ၊ ကျနော်တို့မြို့က စစ်တပ်တပ်ရင်းတွေ အများကြီးရှိတဲ့ နေရာဆိုတော့ ခဲယမ်းများများရှိမှ အဆင်ပြေမှာ၊ ခဲယမ်းက ဝယ်သုံးနေရတာ၊ ကြတော့ ငွေက မလိုက်နိုင်ဘူးဖြစ်နေတယ်၊ အခုကတော့ စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲဝင်နေပါတယ်၊ စစ်ကိုင်း တိုင်းမှာလည်း တိုက်ပွဲက ခဏခဏဖြစ်နေတော့ ကျည်လိုအပ်ချက်က မြင့်လာလို့၊ အိတ်စိုက်စရာလဲ မရှိ တော့လို့ ကမ်ပိန်းပြုလုပ်ခြင်းဖြစ်ပါတယ်” ဟု Ah Nyar Myay Special Comando Defense Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဝယ်ယူအားပေးကူညီမည့် မိဘပြည်သူများအနေဖြင့် Ah Nyar Myay Special Comando Defense Force ၏ Facebook page ဖြစ်သော

https://m.facebook.com/story.php?story_fbid=282575388023688&id=100088136855879&mibextid=Nif5oz

ကို ဆက်သွယ်ပြီး NUG PAY ၊ Spring Development Bank ၊ KPAY ၊ Wave Pay တို့ဖြင့် ပါဝင်ကူညီ အားဖြည့်နိုင်ကြောင်း အသိပေးထားသည်။

ညောင်ဦးခရိုင် အမှတ် ၁ တပ်ရင်း-အညာမြေ အထူးကွန်မန်ဒိုတပ်ဖွဲ့အနေဖြင့် ကျောက်ပန်းတောင်း မြို့နယ် UG လှုပ်ရှားမှုမှတဆင့် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ကျောက်ပန်းတောင်မြို့နယ်၊ ပွေးကျစ်ရဲစခန်း သိမ်းတိုက်ပွဲတွင် မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း၊ ယခုအခါ မြင်းခြံခရိုင် တပ်ရင်း ၃ ၊ မန္တလေးခရိုင် တပ်ရင်း ၅ ၊ တပ်ရင်း ၆ တို့နှင့်အတူ အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article