25 C
Yangon

လယ်ဒိုမြို့နယ်ရှိ တောင်ခင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး

Must read

လယ်ဒိုမြို့နယ်ရှိ တောင်ခင်ကျေးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၉

ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်ရှိ တောင်ခင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၁ လုံး ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၄ နာရီ ခန့်တွင် ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ် အတွင်းရှိ သူဌေးကုန်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့​ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီး ကျည်များသည် တောင်ခင်ကျေးရွာအတွင်းကို ကျရောက် ပေါက်ကွဲခဲ့ပြီး ကျေးရွာနေပြည်သူ အသက် ၅၀ နှစ်အရွယ် ဒေါ်မိကဲ ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး ၎င်းနေအိမ်လည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article