26 C
Yangon

လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို ဗုံးကျဲတိုက်ခိုက်မှု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂမြန်မာနှင့် UNICEF တို့က ထိတ်လန့်တုန်လှုပ် ဝမ်းနည်း စိုးရိမ်ဟု ထုတ်ဖော်ပြောဆိုသော်လည်း ဗုံးကျဲသည့် မြန်မာစစ်တပ်ကို အမည်ပင် မဖော်ပြ

Must read

လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို ဗုံးကျဲတိုက်ခိုက်မှု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂမြန်မာနှင့် UNICEF တို့က ထိတ်လန့်တုန်လှုပ် ဝမ်းနည်း စိုးရိမ်ဟု ထုတ်ဖော်ပြောဆိုသော်လည်း ဗုံးကျဲသည့် မြန်မာစစ်တပ်ကို အမည်ပင် မဖော်ပြ

ရန်ကုန်၊ အောက်တိုဘာ ၁၀

ကချင်ပြည်နယ်၊ လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းကို စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ်များနှင့် အရပ်သား ပြည်သူများ သေဆုံးမှုများ ဖြစ်ပေါ်နေချိန် ရန်ကုန်အခြေစိုက် ကုလသမဂ္ဂမြန်မာနှင့် UNICEF တို့က ထိတ်လန့်တုန်လှုပ် ဝမ်းနည် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုသော်လည်း ဗုံးကျဲသည့် မြန်မာစစ်တပ်ကို အမည်ပင် ဖော်ပြမှု မရှိကြောင်း ၎င်းတို့၏ ထုတ်ပြန်ထားသော ကြေညာချက်အရ သိရှိရသည်။

ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ UNICEF က လိုင်ဇာ စစ်ဘေးရှောင်စခန်းကို တိုက်ခိုက်မှုကြောင့် ကလေးသူငယ်များအပါအဝင် အရပ်သား ပြည်သူများ သေဆုံးရသည့်အတွက် များစွာ ထိတ်လန့်ဝမ်းနည်းမိကြောင်း၊ လက်ခံနိုင်စရာ အကြောင်းပြချက် လုံး၀ မရှိသော လုပ်ရပ်နှင့် တိုက်ခိုက်မှုဖြစ်ပြီး စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

“လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့သော ကလေးသူငယ်များအပါအဝင် အရပ်သားပြည်သူများ သေဆုံးရကြောင်း ကြားသိရတဲ့အတွက် UNICEF အနေဖြင့် များစွာ ထိတ်လန့်ဝမ်းနည်းရမိပါသည်။ အဆိုပါ လက်ခံနိုင်စရာအကြောင်းပြချက်လုံးဝမရှိသော တိုက်ခိုက်မှုလုပ်ရပ်သည် ကျပ်တည်းသော အခြေအနေကာလများတွင် ထိခိုက်နစ်နာလွယ်သူများကို ကာကွယ်စောင့်ရှောက်ရန် အရေးတကြီးလိုအပ်ကြောင်း မီးမောင်းထိုးပြနေပါသည်။ မြန်မာနိုင်ငံရှိ ကလေးသူငယ်တိုင်းသည် လုံခြုံစိတ်ချရ၍ စိုးရိမ်ကြောင့်ကြမှုကင်းဝေးသော ပတ်ဝန်းကျင်များတွင်သာ ရှင်သန်ကြီးပြင်းရပါမည်။ မိမိတို့သားသမီးများနှင့် မိသားစုများအားဆုံးရှုံးခဲ့ကြရသော မိသားစုဝင်ပြည်သူများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါသည်။ ကလေးသူငယ်များနှင့် အရပ်သားပြည်သူများသည် မည်သည့်အခါမှ အကြမ်းဖက်တိုက်ခိုက်ခြင်းရဲ့ ပစ်မှတ်များ မဟုတ်ပါ” ဟု ရန်ကုန်အခြေစိုက် UNICEF က တရားဝင် ထုတ်ပြန်ကြေညာသည်။

မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများကမူ ကချင်ဒေသ၊ စစ်ဘေးရှောင် စခန်းမှ ကလေးငယ်များ၊ အမျိုးသမီးများနှင့် အရပ်သားများ သေဆုံးစေသည့် တိုက်ခိုက်မှု ကနဦး သတင်းများနှင့်ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ကြောင်း၊ ကလေးသူငယ်များနှင့် အရပ်သားပြည်သူများသည် မည်သည့်အခါမှ အကြမ်းဖက် တိုက်ခိုက်ခြင်း၏ ပစ်မှတ်များ မဖြစ်သင့်ကြောင်း အင်္ဂလိပ်လို ကြေညာချက် ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article