25 C
Yangon

အကြမ်းဖက်စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်ချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ်နှစ် ၂၀ နှင့်ညီမျှသော တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ဟုဆို

Must read

အကြမ်းဖက်စစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဗိုလ်ချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ်နှစ် ၂၀ နှင့်ညီမျှသော တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၀

အကြမ်းဖက်စစစ်ကောင်စီက ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင်းထွန်းနှင့် ဗိုလ်ချုပ် ရန်နောင်စိုးတို့ကို ကိုယ်ကျိုးစီးပွားအတွက် အာဏာအလွဲသုံးစားလုပ်ခြင်း၊ စီးပွားရေးသမားများထံမှ တံစိုးလက်ဆောင်ရယူခြင်း စသည့် ပြစ်မှုများဖြင့် ထောင်ဒဏ် နှစ် ၂၀ နှင့်ညီမျှသော တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမှတ် ကြောင်း အကြမ်းဖက်စစ်ကောင်စီက ယနေ့ညပိုင်း ထုတ်ပြန်ကြေညာသည်။

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းသည် စစ်ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံ မှု ကော်မရှင်ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ ကုန်စည်စီးဆင်းမှု ဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်စဉ် နိုင်ငံ၏ နိုင်ငံခြားသုံးငွေ ဆိုင်ရာ မူဝါဒ၊ အရေးကြီး ကုန်စည်မူဝါဒ၊ စီးပွားရေးဆိုင်ရာ မူဝါဒများကို ဆန့်ကျင်၍ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား ဆောင်ရွက်ခြင်း၊ နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ကျူးလွန်ခြင်း၊ စီးပွားရေးကုမ္ပဏီများထံမှ တံစိုး လက် ဆောင်ရယူခြင်း၊ နိုင်ငံခြားသုံးငွေများ တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်း ဆိုင်ရာ ညွှန်ကြားချက်များကို ဖောက်ဖျက်ခြင်း၍ စစ်တရားရုံးက နှစ် ၂၀ ကာလနှင့်ညီမျှသော ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ် ချမှတ်သည်ဟု စစ်ကောင်စီက ဆိုသည်။

ထို့ပြင် ဗိုလ်မှူးချုပ် ရန်နောင်စိုးသည် ကုန်စည် စီးဆင်းမှု မှန်ကန် မြန်ဆန်ရေး ဗဟိုကော်မတီ တွဲဖက် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်စဉ် ဒု‌ ဗိုလ်ချုပ် ကြီး မိုးမြင့်ထွန်းနှင့်ပူးပေါင်း၍ ပုဂ္ဂိုလ်ရေး အကျိုးစီးပွား ဆောင်ရွက်ခြင်း၊ ရာထူးလုပ်ပိုင်ခွင့် အသုံးပြု၍ စီးပွားရေးလုပ်ငန်းရှင်များအား ဒေါ်လာနှင့် မြန်မာကျပ်ငွေ လဲလှယ်ပေးခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များထံမှ ဒေါ်လာနှင့် ကျပ်ငွေ လက်ခံခဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များကို ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ဆက်သွယ် ဆောင်ရွက်ပေးခြင်း၊ နိုင်ငံခြားငွေ တရားမဝင် လက်ဝယ်ထားရှိခြင်း၊ စစ်စည်းကမ်း ညွှန်ကြားချက်များကို ချိုးဖောက်ခြင်းတို့ကြောင့် စစ်တရားရုံးဖြင့် နှစ် ၂၀ ကာလနှင့်ညီမျှသော တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို ချမှတ်ကြောင်း စစ်ကောင်စီက ထုတ်ပြန် ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article