25 C
Yangon

စစ်ကောင်စီက ပြည်သူလူထုအပေါ် နယ်မြေရှင်းလင်းရေး အကြောင်းပြ၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ကျူးလွန်ခဲ့ကြောင်း NLD ပါတီ ထုတ်ပြန်

Must read

စစ်ကောင်စီက ပြည်သူလူထုအပေါ် နယ်မြေရှင်းလင်းရေး အကြောင်းပြ၍ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ကျူးလွန်ခဲ့ကြောင်း NLD ပါတီ ထုတ်ပြန်

■ ကျူးလွန်ခံရသူများ တရားမျှတမှု ရရှိရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး နိုင်ငံတကာအနေဖြင့် ထိရောက်စွာ ကူညီပေးရန် တိုက်တွန်း တောင်းဆို

ရန်ကုန်၊ အောက်တိုဘာ ၁၁

အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုအပေါ် နယ်မြေရှင်းလင်းရေး အကြောင်းပြ၍ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှု ၂၂ မှု ကျူးလွန်ခဲ့ကြောင်း NLD ပါတီက ယနေ့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဥပဒေမဲ့ အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦး ဆောင်သော အကြမ်းဖက်စစ်ကောင်စီသည် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူလူထုကို ပစ်ခတ်သတ် ဖြတ်ခြင်း၊ ဖမ်းဆီးနှိပ်စက် အကျဉ်းချသတ်ဖြတ်ခြင်းများဖြင့် ရက်စက်စွာ ပြုမူဆောင်ခဲ့သည့်အပြင် အ ရပ်သားပြည်သူလူထု၏ အိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပိုင်ဆိုင်မှု များကိုသိမ်းဆည်းခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများကို စနစ်တကျ ဆက်တိုက် ကျူးလွန်လျက်ရှိကြောင်း အကြမ်းဖက် စစ်တပ် က ပြည်သူ ၁၀ ဦး နှင့် အထက် အစုလိုက်အပြံလိုက် သတ်မှု ၂၂ မှုကို ကျူးလွန်ထားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ လူ့အခွင့်အရေးမှတ်တမ်းများကောက်ယူရေးအဖွဲ့ထံမှ သိရသည်။

အကြမ်းဖက်စ်တပ်က ကျူးလွန်ခဲ့သော နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူ ၁၀ ဦး နှင့်အထက် အစုလိုက် အပြုံလိုက် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများမှာ-

(က) ၉-၉-၂၀၂၁ မကွေးတိုင်း ဂန့်ဂေါမြို့နယ်၊ မြင်သားရွာ၌ ပြည်သူ ၂၀ ဦး

(ခ) ၇-၁၂-၂၀၂၁ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဒုံးတောရွာ၌ ပြည်သူ ၁၁ ဦး

(ဂ) ၂၅ -၁၂-၂၀၂၁ ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်၌ ပြည်သူ ၃၀ ကျော်

(ဃ) ၂၅-၁၂-၂၀၂၁ နှင့် ၂၆-၁၂-၂၀၂၁ စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာ၌ ပြည်သူ ၁၈ ဦး

(င) ၃၁-၁-၂၀၂၂ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ပဒတ်ထိုင်းကျေးရွာ၌ ပြည်သူ ၂၀ ဦး

(စ) ၂၅-၂-၂၀၂၂ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် နှမစားရစ်ရွာ၌ ပြည်သူ ၁၉ ဦး

(ဆ) ၁-၃-၂၀၂၂ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တာတိုင်ကျေးရွာပြည်သူ ၁၇ ဦး

(ဇ) ၈-၃-၂၀၂၂ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်ပံတောကျေးရွာ၌ ပြည်သူ ၁၁ ဦး

(ဈ) ၈-၃-၂၀၂၂ စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် သိမ်တော်ရွာ၌ ပြည်သူ ၁၄ ဦး

(ည) ၆-၆-၂၀၂၂ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကံဖျားကျေးရွာ၌ ပြည်သူ ၁၁ ဦး

(ဋ) ၂၅-၆-၂၀၂၂ မွန်ပြည်နယ် သထုံမြို့နယ် ထုံးဘိုလေးကျေးရွာ၌ ပြည်သူ ၁၀ ဦး

(ဌ) ၁၈-၇-၂၀၂၂ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီစုကျေးရွာ၌ ပြည်သူ ၁၅ ဦး

(ဍ) ၉-၈-၂၀၂၂ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာ၌ ပြည်သူ ၄၀ ဦး

(ဎ) ၁၁-၈-၂၀၂၂ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာ၌ ပြည်သူ ၁၈ ဦး

(ဏ) ၁၆-၉-၂၀၂၂ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ၌ပြည်သူ ၁၅ ဦး

(တ) ၂၃-၁၀-၂၀၂၂ ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာပြည်သူ ၆၂ ဦး

(ထ) ၁၆-၁၁-၂၀၂၂ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ပြည်သူ ၁၂ ဦး

(ဒ) ၁၈-၂-၂၀၂၃ စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကိုးတောင်ဘို့ရွာ၌ ပြည်သူ ၁၅ ဦး

(ဓ) ၂-၃-၂၀၂၃ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ညောင်ရင်းကျေးရွာ၌ ပြည်သူ ၁၆ ဦး

(န) ၁၁-၄-၂၀၂၃ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာ၌ ပြည်သူ ၁၆၈ ဦး

(ပ) ၁၀-၅-၂၀၂၃ ပဲခူးတိုင်း ထန်းတပင်မြို့နယ် ညောင်ပင်သာရွာ၌ ပြည်သူ ၂၀ ဦး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက်၊ ည ၁၁ နာရီ မိနစ် ၃၀ နာရီခန့်ကလည်း ကချင်ပြည် နယ် လိုင်ဇာမြို့အနီး မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီး များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁၃ ဦးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၂၉ ဦး အစုလိုက် အပြုံ လိုက် သေဆုံးခဲ့ပြီး ၅၇ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များသည် အကြမ်းဖက်စစ်ကောင်စီက လူသားမျိုးနွယ်ပျက်သုဉ်းစေမှုနှင့် စစ်ရာဇဝတ်မှု များကို ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိသည်မှာ ထင်ရှားနေကြောင်း၊ စစ်ကောင်စီအား တာဝန် ယူမှု တာဝန်ခံမှုရှိစေရေး၊ အပြစ်ပေးအရေးယူနိုင်ရေးနှင့် ကျူးလွန်ခံရသူတို့အတွက် တရားမျှတမှု ရရှိ ရေးတို့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ် မှု ကျူးလွန်မှုများ ရပ်တန့်ရေးနှင့် ကျူးလွန်ခံရသူ မြန်မာပြည်သူများအတွက် တရား မျှတမှု အမြန်ဆုံး ပြန်လည်ရရှိစေရေးတို့ အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်း အဝိုင်း အနေဖြင့် ယခုထက်ပိုမိုထိရောက်စွာကူညီပံ့ပိုးပေးကြပါရန် NLD ပါတီက မေတ္တာရပ်ခံ တိုက်တွန်းထား သည်။

Photo – လိုင်ဇာမြို့အနီးရှိ မုန်လိုင်ခက်စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်တပ်က ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးပျက်စီးမှုများ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article