25 C
Yangon

ကလေးမြို့ရှိ စက္ကန့်ရွာကို စစ်တပ်က ထပ်မံ မီးတင်ရှို့နေ၊ စစ်သားများ ရွာထဲ၌ တပ်စွဲထားပြီး အနီးနားရှိ ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ကလေးမြို့ရှိ စက္ကန့်ရွာကို စစ်တပ်က ထပ်မံ မီးတင်ရှို့နေ၊ စစ်သားများ ရွာထဲ၌ တပ်စွဲထားပြီး အနီးနားရှိ ရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေ၍ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စက္ကန့်ရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ အောက်တိုဘာ ၁၂ ရက်နေ့တွင်လည်း ထပ်မံ မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က အောက်တိုဘာ ၇ ရက်နေ့ နံနက်ပိုင်းက စတင်ပြီး စက္ကန့်ရွာကို စစ်ကြောင်းထိုးကာ ရွာထဲတွင် တပ်စွဲထားပြီး မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရသည်။

“စက္ကန့်မှာပဲ ခွေးတွေက။ အခု စက္ကန့်ရွာကိုရှို့နေကြပြီ။ ၇ ရက်နေ့ကတည်းက နေပြီး ရှို့နေတာ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုနခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အကြမ်းဖက် စစ်တပ်သည် စက္ကန့်ကျေးရွာတွင် အထိုင်ချ၍ အနီးနားရှိ ကျေးရွာများကို လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်နေ၍ ကလေးတောင်ပိုင်း ရှားတောကျေးရွာအုပ်စုအတွင်းရှိ ထောင်နှင့်ချီသော ပြည်သူများ အောက်တိုဘာ ၇ ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရှားတောကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး လမ်းဘေး သစ်ပင်များနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ ဒေသပြည်သူများက နေအိမ်များရှိ ကြက်၊ ဝက်၊ နွား၊ ငှက် အစရှိသည့် အိမ်မွေး တိရစ္ဆာန်များ အစားအစာ ကျွေးမွေးရန် တော်လှန်ရေးရဲဘော်များကို အကူအညီ တောင်းခံခဲ့သည့်အတွက် တော်လှန်ရေးရဲဘော်များက သွားရောက် ကျွေးမွေးခဲ့ရကြောင်း တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

“ဘယ်နေ့က လက်နက်ကြီးကျတယ်လို့ မသိရဘူး။ စနေနေ့က စရှောင်ကြလို့ ပြည်သူတစ်ယောက်မှ မကျန်ဘူး ရွာထဲ” ဟု တော်လှန်ရေးရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

လက်ရှိတွင် ရှားတော ၊ ဆင်တော၊ မြောင်းဆုံ၊ စီးစံ ကျေးရွာမှ ဒေသပြည်သူများမှာ ဘေးကင်းမည်ထင့်နေရာများသို့ တိမ်းရှောင်နေကြရပြီး နေရာဒေသအသီးသီးမှ တာဝန်ယူစောင့်ရှောက်ကျွေးမွေးထားသော်လည်း စစ်ကြောင်းရက်ကြာလာသည်နှင့် အမျှ စားနပ်ရိက္ကာနှင့် ဆေးဝါးအကူအညီများ အရေးတကြီး လိုအပ်လာနိုင်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article