25 C
Yangon

ဟင်္သာတခရိုင်တွင် ၂ လတာအတွင်း တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားပြီး စစ်သား ၃၀ ခန့်သေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ

Must read

ဟင်္သာတခရိုင်တွင် ၂ လတာအတွင်း တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားပြီး စစ်သား ၃၀ ခန့်သေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ အောက်တိုဘာ ၁၂

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်တွင် ၂ လတာအတွင်း တိုက်ပွဲ ၈ ကြိမ်ဖြစ်ပွားပြီး စစ်သား ၃၀ ခန့်သေဆုံးကာ သေနတ် ၁ လက် သိမ်းဆည်း ရရှိခဲ့ကြောင်း ဟင်္သာတခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံမှ သိရသည်။

ဇူလိုင်လ ၁၉ ရက်နေ့ ညပိုင်းမှ စတင်၍ ဩဂုတ်လ ၃၁ ရက်နေ့အထိ ဟင်္သာတခရိုင်အတွင်း၌ အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အကြား တိုက်ပွဲ ၈ ကြိမ် ဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက် ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သူနှင့် သေဆုံးသူ ၃၀ ခန့်ရှိပြီး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိသူများတွင် ဒုတပ်ရင်းမှူး ၁ ဦးပါဝင်ကြောင်း၊ အကြမ်းဖက် စစ်သားများ အသုံးပြုသော MA 1 သေနတ် တစ်လက်နှင့် ကျည်ဆံအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲများကို လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်း နည်းပါးမှုကြောင့် ပြောက်ကျားစစ်ဆင် ရေးသာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဟင်္သာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း P2-6001005 ဒရုန်း အဖွဲ့ခေါင်းဆောင် ရဲဘော် ဇွဲမာန် ၊ P2-6001028 တပ်ခွဲ ၁ ၊ တပ်စု ၁ ၊ တပ်စိတ် ၂ တပ်စိတ်မှူး ရဲဘော် လင်းယုန် ၊ P2-6001150 တပ်ခွဲ ၃၊ တပ်စု ၁ ၊ တပ်စိတ် ၂ မိုင်းတပ်သား ရဲဘော် အားသစ်တို့ မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပြီး စစ်သုံးပစ္စည်း အချို့လည်း ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ဧရာဝတီတိုင်းတွင်းရှိ ပြည်သူများအနေဖြင့် ပြည်သူလူထု၏ သားသမီးများဖြစ်ကြသော တော်လှန် ရေး ရဲဘော်များအပေါ် ခိုင်မာယုံကြည်သော အောင်စိတ်ဖြင့် တော်လှန်ရေးတွင် ကိုယ်တိုင်ပါဝင် ဆောင် ရွက်ခြင်း ၊ သတင်းပေးပို့ကူညီခြင်း ၊ ထောက်ပံ့ခြင်းများ ဆက်လက်ဆောင်ရွက်ပေးပါရန် ဟင်္သာတခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်က မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article