25 C
Yangon

ရေစကြိုတွင် စစ်တပ်က ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးပြီး ဆက်တိုက် စစ်ကြောင်းထိုးနေ၊ ကျေးရွာ ၁၅ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

Must read

ရေစကြိုတွင် စစ်တပ်က ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးပြီး ဆက်တိုက် စစ်ကြောင်းထိုးနေ၊ ကျေးရွာ ၁၅ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ထွက်ပြေး တိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာလ ၁၄

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ဆက်တိုက် စစ်ကြောင်းထိုးနေကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၁၂ ရက်နေ့က စတင်ကာ ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်း ဒေသကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ကျောက်ဖူးရိပ်သာကျောင်းကို မီးရှို့ဖျက်စီးခဲ့ကြောင်း၊ အောက်တိုဘာလ ၁၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ကျွဲကုန်းရွာနှင့် ကျွန်းညိုရွာတို့ကို ထပ်မံ မီးရှို့ဖျက်စီးခဲ့ကြောင်း၊ ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် နန်းဦး ကျွန်းကလေးရွာကို ဆက်လက် မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် မီးရှို့ဖျက်ဆီးနေခြင်းကြောင့် မိဖုရားရွာ၊ ကျောက်ဖူးရွာ၊ ဆင်တဲရွာ၊ ခြံယာ၊ ကျွန်းညိုရွာ၊ နွယ်နီရွာ၊ ပေါက်တောရွာ တို့အပါအဝင် ကျေးရွာ ၁၅ ရွာကျော်မှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

“ရေလယ်ကျွန်းဒေသကို စစ်ကြောင်းနှစ်ဖက်ပုံစံမျိုးနဲ့ဖြစ်နေတယ်၊ မဲကုန်း၊ မိဘုရားဘက်မှာလည်း တစ်ဖွဲ့ရှိတယ်၊ ရေလယ်ကျွန်းရဲ့တောင်ဖျားမှာလည်း တစ်ဖွဲ့ရှိတယ်၊ စစ်ကြောင်းက အကုန်ဖြန့်ထားတာ ဖြစ်နေတယ်၊ ပြည်တော်မှာလည်း ရောက်နေတယ်၊ ရေလယ်ကျွန်းတောင်ခြမ်းမှာ တစ်ဖွဲ့၊ မြောက်ခြမ်း မှာ တစ်ဖွဲ့အဲလိုဖြစ်နေတာ၊ အစိတ်သုံးလောက်ရှိတဲ့ အင်အားတွေကို ရွာချင်းကပ်လျက်ရွာတွေမှာ ဖြန့် ထားတာ၊ မနက်ကတော့ တစ်ရွာဝင်တစ်ရွာထွက် စစ်ကြောင်းတွေဝင်တော့တိုက်ပွဲဖြစ်တာတော့ရှိတယ်၊ ဘယ်အဖွဲ့တွေလည်းဆိုတာတော့ မသိရသေးဘူး” ဟု ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူခြင်းများ ပြုလုပ်ပြီး ရေလယ်ကျွန်းဒေသအတွင်း စစ်​ကြောင်း ၂ ကြောင်းဖြင့် ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article