36 C
Yangon

ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ်ကျောင်းဝင်းအနီး ဖက်ဒရယ်စမ်းရေ အိမ်ရာမြေကွက်များ တစ်ပတ်အတွင်း ဒေါ်လာ ၂ ဒသမ ၇ သန်းကျော်ဖိုး ရောင်းချရ

Must read

ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ်ကျောင်းဝင်းအနီး ဖက်ဒရယ်စမ်းရေ အိမ်ရာမြေကွက်များ တစ်ပတ်အတွင်း ဒေါ်လာ ၂ ဒသမ ၇ သန်းကျော်ဖိုး ရောင်းချရ

ရန်ကုန်၊ အောက်တိုဘာ ၁၅

မန္တလေးတိုင်း၊ ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ်ကျောင်းဝင်းအနီး ဖက်ဒရယ်စမ်းရေ အိမ်ရာမြေကွက်များသည် တစ်ပတ်အတွင်း ဒေါ်လာ ၂ ဒသမ ၇ သန်းကျော်ဖိုး ရောင်းချခဲ့ရကြောင်း The End of Dictatorship က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၇ ရက်နေ့က စတင်ပြီး ပြင်ဦးလွင်မြို့နယ်၊ မန္တလေး – လားရှိုး လမ်းမကြီးဘေးရှိ အကြမ်းဖက် စစ်တပ်၏ နည်းပညာတက္ကသိုလ်- DSTA အနီးက စစ်တပ် ပိုင်မြေ ဧက ၃၀၀ ခန့် ကို အမျိုးသားညီညွတ်ရေး အစိုးရက ဖက်ဒရယ် စမ်းရေ ပရော့ဂျက်အဖြစ် စီးပွားရေးလုပ်ငန်းသုံးနှင့် လူနေအိမ်များတည်ဆောက်ရန် ဖော်ထုတ်ရောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မြေကွက်များကို တစ်ပတ်တာအတွင်း ဒေါ်လာ ၂ ဒသမ ၇ သန်းကျော်ဖိုး ရောင်းချထားရပြီး တော်လှန် ရေးကာလအတွင်း မြေကွက် ၏ သတ်မှတ်တန်ဖိုး ၄၀ ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်ကာ တော်လှန်ရေးကာလအပြီး စီမံကိန်းပြင် ဆင်ချိန်တွင် ကျန် ၆၀ ရာခိုင်နှုန်းကို ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း ပရော့ဂျက်ကို ဝယ်ယူရမည့်မိဘပြည်သူများအနေဖြင့် ဆက်သွယ်ရမည့် ကိုယ်စားလှယ်များကို လူမှုကွန်ရက်မှတစ်ဆင့်

https://www.facebook.com/101477375892630/posts/108333075207060/?mibextid=cr9u03

ဝင်ရောက်ကြည့်ရှုကာ ဝယ်ယူနိုင်ကြောင်း အသိပေးထားသည်။

တော်လှန်ရေးတွင် ကိုယ်တိုင် ရှေ့တန်းမှ မပါဝင်နိုင်သော်ငြားလည်း အထူး အရေးပါသော လိုအပ်ချက် တရပ်ဖြစ်သည့် ဘဏ္ဍာရန်ပုံငွေ ရရှိရေးပိုင်းတွင် ပူးပေါင်း ပါဝင်ခြင်းအားဖြင့် နိုင်ငံသားတဦး ထမ်း ဆောင်ရမည့်တာဝန်ကို ထမ်းဆောင်ကြရန် NUG ယာယီသမ္မတဒူဝါလရှီးလက တိုက်တွန်းထားသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် ဝင်း၊ မြေဧက ၃၀၀ ခန့်ကို မြေကွက်ပေါင်း ၇၇၀ ဖော်ထုတ်၍ ကနဦး အမေရိကန် ဒေါ်လာ ၁၈ သန်းကျော်ဖိုး ပြည်သူများထံသို့ NUG က ရောင်းချ မည် ဖြစ်ကြောင်း သိရှိရသည်။

ပြင်ဦးလွင်ရှိ မြေကွက်များကို Federal Springs (ဖက်ဒရယ်စမ်းရေ) စီမံကိန်း ဟု အမည်ပေးထားပြီး အောက်တိုဘာလ ၇ ရက်နေ့ စတင်ရောင်း ချမည်ဖြစ် ကြောင်း ပြင်ဦးလွင်မြို့၊ မန္တလေး-လားရှိုးလမ်းမကြီး မြောက်ဘက် တပ်မတော် နည်းပညာတက္ကသိုလ်အနီးရှိ အကြမ်းဖက်စစ်တပ်ပိုင် မြေကို ဥပဒေနှင့်အညီ သိမ်းယူပြီး ဧက ၃၀၀ ခန့်ကို စီးပွားရေးလုပ်ငန်းသုံးနှင့် လူနေအိမ်ရာမြေများ ဖော်ထုတ်မည့် စီမံကိန်းဖြစ်ကြောင်း၊ ဖက်ဒရယ်စမ်းရေစီမံကိန်း မြေကွက် များ ၏ မြေပိုင်ဆိုင်မှု အမျိုးအစားမှာ ဂရန်မြေ (သတ်မှတ်) ဖြစ်ကြောင်း၊ ပိုင်ဆိုင်မှုကာလမှာ အစိုးရထံမှ တိုက်ရိုက် အနှစ် ၆၀ အငှားဖြစ်ပြီး ပိုင်ဆိုင်မှု ထပ်တိုးကာလအဖြစ် ထပ်ဆောင်းအငှားကာလ ၁၀ နှစ် + ၁၀ နှစ် အဖြစ် အစိုးရ၏ သဘောတူညီချက်ဖြင့် ထပ်မံတိုးနိုင်ကြောင်း သိရှိရသည်။

အဆိုပါ စီမံကိန်းမှ မြေကွက်များကို လက်ရှိမြန်မာနိုင်ငံသားမဟုတ်သည့် နိုင်ငံခြားသားများလည်း ဝယ်ယူနိုင်ကြောင်း၊ တော်လှန်ရေးအလွန်ကာလတွင် နွေဦးရင်းနှီးမြှုပ်နှံမှုမြေကွက်များကို နိုင်ငံခြားသားမြေပိုင်ဆိုင်မှုအာမခံသည့် သီးသန့်အမိန့်ဒီကရီ ဥပဒေများပြဌာန်း၍ တော်လှန်ပြည်သူများ အား အကျိုးဖြစ်ထွန်းစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြေကွက် ဝယ်ယူရန် လိုအပ်သည့် အချက်အလက်များမှာ –

က – အမည် (နာမည်ရင်း ဖြစ်ရန် မလိုပါ)

ခ – မွေးနေ့ နှင့် မွေးလ (ဥပမာ 13 Feb)

ဂ – မှတ်ပုံတင် (သို့) IC တခုခု၏ နောက်ဆုံး ၄ လုံး

ဃ – ကိုယ်ပိုင် email

င – မြန်မာနိုင်ငံသား ဟုတ်၊ မဟုတ် တို့ဖြစ်ကြောင်း သိရှိရသည် ။

တော်လှန်ရေးကာလအတွင်း ပေးသွင်းရန်သတ်မှတ်ထားသော ငွေပမာဏ (ရောင်းချတန်ဖိုး၏ ၄၀ ရာခိုင်နှုန်း ) ပေးသွင်းပြီးလျှင် ကနဦးပိုင်ဆိုင်မှု အထောက်အထားအဖြစ် အာမခံစာချုပ် ထုတ်ပေးမည်ဖြစ်ကြောင်း၊ အထက်ပါ ၄၀ ရာခိုင်နှုန်း ကို ၁ ကြိမ်တည်း ပေးသွင်းနိုင်သလို၊ အရောင်း စတင်ရက်မှ ၃ လ အတွင်း ၃ ကြိမ်ထိ အရစ်ကျ ငွေပေးချေ နိုင် ကြောင်း၊ နောက်ဆုံးပေးသွင်းရမည့် ရက်မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက် ဖြစ် ကြောင်း၊ တော်လှန်ရေးကာလအပြီး စီမံကိန်းပြင်ဆင်ချိန်တွင် သတ်မှတ် လက်ကျန်ငွေ (ရောင်းချတန်ဖိုး၏ ၆၀%) ပေးသွင်းသည့်သူများအား နောက်ဆုံး ပိုင်ဆိုင်မှုအထောက်အထား (မြေဂရန်) ထုတ်ပေးပါမည်ဖြစ်ကြောင်း သိရှိရ သည်။

ဝယ်ယူထားသူများအနေဖြင့် ပေးသွင်းရန်ကျန် ၆၀% ကိုလည်း ပြည်တွင်း၊ ပြည်ပဘဏ်များနှင့် ချိတ်ဆက်ပြီး ၅ နှစ်၊ ၁၀ နှစ်၊ ၂၀ နှစ် စသည်ဖြင့် အတိုးနှုန်း သက်သာစွာ အရစ်ကျ ပေးသွင်းနိုင်ရန် စီစဉ်ပေးမည်ဖြစ်ကြောင်း၊ ပထမ ၄၀ ရာခိုင်နှုန်း ကို အရစ်ကျ ပေးချေရင်း ပမာဏ ပြည့်အောင် မပေးချေနိုင်ပါက မြေကွက် ပိုင်ဆိုင်ခွင့် ရမည်မဟုတ်ဘဲ တော်လှန်ရေးအလွန် ကာလတွင် ပေးသွင်းခဲ့သော ငွေပမာဏ အတိုင်း ပြန်လည်ထုတ်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ငွေတခါ ပေးချေတိုင်း ငွေရပြေစာ ရမည် ဖြစ်ပြီး၊ ၄၀ ရာခိုင်နှုန်း အကျေ ချေပြီးပါက ငွေပေးချေပြီးကြောင်း မှတ်တမ်းနှင့် ကနဦးပိုင်ဆိုင်မှု အထောက်အထား အဖြစ် “အာမခံ စာချုပ်” ရရှိမည်ဖြစ်ကြောင်း၊ တော်လှန်ရေးကာလအတွင်း ပေးသွင်းရမည့် ပမာဏဖြစ်သော စုစုပေါင်းတန်ဖိုး၏ ၄၀ ရာခိုင်နှုန်းကို အရောင်းစတင်သည့်အချိန်မှ ၂၄ နာရီအတွင်း အပြည့်ပေးသွင်းသူတိုင်းကို Early Bird စာရင်းဝင်အဖြစ် သတ်မှတ်ကြောင်း သိရှိရသည်။

Early Bird စာရင်းဝင်သူများသည် ဦးစားပေးအဖြစ် မိမိနှစ်သက်ရာ မြေကွက်နေရာ ရွေးချယ်မှု အခွင့်အရေး ရရှိမည်ဖြစ်ပြီး Early Bird စာရင်း မဝင်သူများအတွက် စီမံကိန်းဖေါ်ဆောင်ရေး အဖွဲ့ က မဲနှိုက်ပြီး မြေကွက်များ အပ်နှံသွားမည်ဖြစ်ကြောင်း၊ Spring Pyin Oo Lwin Investment က ဖေါ်ဆောင်ရောင်းချပေးသော မြေကွက်များတွင် ရေ၊ လျှပ်စစ်မီး၊ ကားလမ်း၊ လူသွားလမ်း၊ သာယာလှပရေး အစီအမံများအား စီမံကိန်းဖေါ်ဆောင်ရေးဘက်က တာဝန်ယူ ဖေါ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဖက်ဒရယ်စမ်းရေး မြေကွက်များကို စီးပွားဖြစ်နှင့် လူနေရန်အတွက် ပေ ၁၀၀ x ပေ ၂၀၀ မြေကွက် ၂၀ ဖော်ထုတ်မည်ဖြစ်‌ပြီး မြေကွက်တစ်ကွက်လျှင် အမေရိကန်ဒေါ်လာ ၃၆၀၀၀၀ နှုန်း၊ လူနေရန် ၁ ဧက မြေကွက် ၂၀ ဖော်ထုတ်မည်ဖြစ်ပြီး မြေကွက်တစ်ကွက်လျှင် အမေရိကန် ဒေါ်လာ ၄၀၅၀၀၀ ၊ လူနေရန် ပေ ၈၀ X ပေ ၈၀ မြေကွက် ၃၁၀ ဖောထုတ်မည်ဖြစ်ပြီး မြေကွက်တစ် ကွက်လျှင် ဒေါ်လာ ၅၇၆၀၀ ၊ လူနေရန် ပေ ၄၀ X ပေ ၈၀ မြေကွက် ၄၂၀ ဖော်ထုတ်မည်ဖြစ်ပြီး မြေကွက်တစ်ကွက်လျှင် ဒေါ်လာ ၂၈၈၀၀ ဖြင့် ရောင်းချမည်ဖြစ်ကြောင်း၊ ကနဦး မြေကွက်တန်ဖိုး၏ ၄၀ ရာခိုင်နှုန်းသာ ပေးသွင်းရမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၈ သန်း ၁ သိန်း ရှစ်ရာ ဖိုး ရောင်းချမည် ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article