28 C
Yangon

မန္တလေးမြို့တွင်း/မြို့ပြင် စစ်ဆင်ရေးများ အရှိန်မြှင့်နိုင်ရန် “မြို့ပြရဲ့ လင်းယုန်များ”ကမ်ပိန်းတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

Must read

မန္တလေးမြို့တွင်း/မြို့ပြင် စစ်ဆင်ရေးများ အရှိန်မြှင့်နိုင်ရန် “မြို့ပြရဲ့ လင်းယုန်များ”ကမ်ပိန်းတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံ

ရန်ကုန်၊ အောက်တိုဘာ ၁၅

မန္တလေးမြို့တွင်းနှင့်မြို့ပြင် စစ်ဆင်ရေးများကို အရှိန်မြှင့်တိုက်ခိုက်နိုင်ရန် “မြို့ပြရဲ့ လင်းယုန်များ” ကမ် ပိန်းတွင် ပြည်သူများ ပူးပေါင်း ပါဝင်ကြရန် မေတ္တာရပ်ခံကြောင်း မြန္ဒာစစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံမှ တဆင့် မေတ္တာရပ်ခံပြောကြားသည်။

မြို့ပြစစ်ဆင်ရေးများ အရှိန်မြှင့်တိုက်ခိုက်နိုင်ရန် လက်နက်ခဲယမ်းများလိုအပ်နေပြီး စစ်ဆင်ရေး ဒေသ အဖြစ် မန္တလေးမြို့အပြင်အခြားဒေသများလည်း ပါဝင်တိုက်ခိုက်ရန် ရည်ရွယ်ထားကြောင်း၊ ရန်ပုံငွေရှာ ဖွေခြင်းကို ယခုလကုန်အထိသတ်မှတ်ထားသော်လည်း စစ်ရေးအတွက်လိုအပ်သော ဘဏ္ဍာငွေအတိုင်း အတာတစ်ခုအထိ ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

“စစ်ရေးရှိန်မြှင့်တင်ဖို့နဲ့ လက်နက်ခဲယမ်းဖြည့်တင်းဖို့ပါ၊ စစ်ဆင်ရေးဒေသကတော့ မန္တလေးအပြင် တခြားဒေသတွေရော ပါကောင်းပါနိုင်ပါတယ်၊ ရန်ပုံငွေရှာဖွေမှုကို ဒီလကုန်အထိသတ်မှတ်ထားပေမယ့် စစ်ရေးလိုအပ်ချက် ဘတ်ဂျက်အတိုင်းအတာတစ်ခုအထိ ရဖို့ ရည်မှန်းထားပါတယ်” ဟု မြနန္ဒာစစ်ဆင် ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပါဝင်ကူညီမည့် မိဘပြည်သူများအနေဖြင့် –

https://www.facebook.com/profile.php?id=100089059954095

Page Messenger နှင့် Telegram Account

@Kitkatt112

@VoiceOfMandalay

@VoiceOfMandalay2

@VoiceofMandalay6

@VoiceofMandalay4

@LRJFP

@twitwi3

များမှ ဆက်သွယ်ကာ Kpay/ Wave/ NUGPAY နှင့် SDB Bank တို့ မှတဆင့် ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article