31 C
Yangon

တောင်သာမြို့ ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

Must read

တောင်သာမြို့ ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၅

မန္တလေးတိုင်း၊ တောင်သာမြို့ ထွေအုပ်ရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၃၀ ခန့်တွင် တောင်သာမြို့ ထွေအုပ်ရုံးကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက Sharr Htoo WAW နည်းပညာ အသုံးပြုပြီး ဒရုန်းဖြင့် အီနာဂါ ဗုံးသီး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ထွေအုပ်ဦးစီးမှူး၊ မြို့နယ်ရဲမှူးနှင့် ထွေအုပ်ဝန်ထမ်း ၃ ဦး ဗုံးသီး ကျည်ဆ ထိမှန်ခဲ့ပြီး ရဲ ၁ ဦး နှင့် အရပ်ဝတ် စစ်သား ၂ ဦး နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရှိရသည်။

” အဲတိုက်ခိုက်မှုက စစ်ခွေး ၂ ကောင် နဲ့ ရဲခွေး ၁ ကောင်သေတယ်လို့ သိရတယ်” ဟု မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ် ၈ တပ်ရင်း – NRDF နှင့်အတူ Myaung Special Drone Force – MSDF ၊ မြင်းခြံခရိုင် အမှတ် ၁ တပ်ရင်း ၊ မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်း ၊ မိတ္ထီလာခရိုင် အမှတ် ၃ တပ်ရင်း နှင့် တောင်သာမြို့နယ် ပ.က.ဖ တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article