29 C
Yangon

ကြာနီကန်ရဲကင်းစခန်းကို ၄၀ မမ ဗုံးပစ်လက်နက်ဖြင့် ပစ်ခတ်၊ ကြို့ပင်ကောက် တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးဒဏ်ရာရ

Must read

ကြာနီကန်ရဲကင်းစခန်းကို ၄၀ မမ ဗုံးပစ်လက်နက်ဖြင့် ပစ်ခတ်၊ ကြို့ပင်ကောက် တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၆

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်အကြားရှိ ကြာနီကန်ရဲကင်းစခန်းကို ၄၀ မမ ဗုံးပစ်လက်နက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မတ္တရာမြို့နယ် ပ.က.ဖ တိုက်နယ်- ၅ မှ ဗိုလ်နတ်ဆိုးက ပြောဆိုသည်။

အောက်တိုဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန် ပုသိမ်ကြီးမြို့နယ်နှင့် မတ္တရာမြို့နယ်ကြားတွင်တည်ရှိသော ကြာနီကန် ရဲကင်းစခန်းကိုုနတ်ဆိုး (မတ္တရာမြို့နယ် ပ.က.ဖ တိုက်နယ်-၅)နှင့် ကောင်းကင် (ပြင်ဦးလွင်ခရိုင် တပ်ရင်း-၁၊ တပ်ခွဲ-၁) တို့က ၄၀မမ ဗုံးပစ်လက်နက်ဖြင့် ဗုံးသီး ၂လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းဝင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ရဲ ၂ ဦးထိခိုက်ပြီး သေဆုံးမှု စာရင်း အတည်မပြုနိုင်ကြောင်း ၎င်းက ပြောဆိုသည်။

အလားတူ အောက်တိုဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန် ပဲခူးတိုင်း(အနောက်) ၊ ကြို့ပင်ကောက်မြို့နယ် ၊ ကျူတောရိုးဘုရားအနီး၊

အင်တိုင်းတောထဲတွင် သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၁ Dragon Brothers (GBK PDF) နှင့် စစ်တပ် စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲ ဖြစ် ပွားခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦး ဒဏ်ရာ ပြင်းထန်ကြောင်း Dragon Brothers (GBK PDF)မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ စစ်တပ်စစ်ကြောင်းမှာ ဝိုင်းကျေးရွာမှ လက်နက်ကြီးပစ်ကူပေး၍ ထိုးစစ်ဆင်လာသော စစ်ကြောင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၄ဝ မမ၊ ၆ဝ

တို့ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း ၊ စစ်တပ်ဘက်မှ စစ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိရာ ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- သာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၁ Dragon Brothers (GBK PDF) တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article