32 C
Yangon

အင်းတော်မြို့နယ်တွင် PDF ထောက်ပို့တာဝန်ခံကို စစ်တပ်က သတ်ဖြတ်ပြီး ၎င်းတို့နှင့် ပူးပေါင်းနေသည်ဟု ဝါဒဖြန့်

Must read

အင်းတော်မြို့နယ်တွင် PDF ထောက်ပို့တာဝန်ခံကို စစ်တပ်က သတ်ဖြတ်ပြီး ၎င်းတို့နှင့် ပူးပေါင်းနေသည်ဟု ဝါဒဖြန့်

ရန်ကုန်၊ အောက်တိုဘာ ၁၆

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ ကမ်းနီရွာထိပ်တွင် PDF မြောက်ပိုင်းတိုင်း ထောက်ပို့တာဝန်ခံ ကိုသိန်းဇော် ဦး ကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ပြီး ၎င်းတို့နှင့်ပူးပေါင်းနေသည်ဟု ဝါဒဖြန့်နေကြောင်း ကိုသိန်း ဇော်ဦးနှင့် နီးစပ်သူ ရဲဘော်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၇ ရက်နေ့က အင်းတော်မြို့နယ်၊ ကမ်းနီကျေးရွာထိပ်တွင် မြောက်ပိုင်းတိုင်း စစ်ဒေသ ထောက်ပို့တာဝန်ခံ အသက် ၄၁ နှစ်အရွယ် ကိုသိန်းဇော်ဦးကို အကြမ်းဖက် စစ်တပ်၏ တပ်မ ၇၇ လက် အောက်ခံ ခမရ ၁၀၁ တပ်သားများမှ လက်ပြန်ကြိုးတုတ်ကာ ရက်ရက်စက်စက် ဓားဖြင့် အချက်ပေါင်း များစွာထိုးသတ်ခဲ့ပြီး ရုပ်အလောင်းကို စွန့်ပစ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ကိုသိန်းဇော်ဦးရုပ်အလောင်းကို ပြည်သူများမှ မြေမြှုပ် သင်္ဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

“သူ့အလောင်းဆိုတာ သေချာတယ်၊ အသတ်ခံရတဲ့ ဓာတ်ပုံနဲ့ တိုက်စစ်ပြီးပြီ၊ အဲဒါကို အင်းတော်ရဲစခန်း နဲ့ စစ်တပ်က ကိုသိန်းဇော်ဦးဟာ သူတို့နဲ့အတူရှိပါတယ်၊ သူတို့နဲ့ ပူးပေါင်းနေပါတယ်ဆိုပြီး ဝါဒဖြန့်နေ တယ်၊ သူ့မိသားစုတွေနဲ့ အဆက်အသွယ် ရထားပြီးပါပြီ၊ သူက အင်းတော်ဇာတိမဟုတ်ဘူး၊ ကသာဘက်က ပါ၊ အလုပ်ကိစ္စနဲ့ အင်းတော်ဘက်ကို ဝင်ရင်း ဖမ်းဆီးခံလိုက်ရတာ” ဟု ကိုသိန်း ဇော်ဦးနှင့် နီးစပ်သူ ရဲဘော်တစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်နေ့က အင်းတော်မြို့၊ သံလမ်းကူးရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ် တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၂ လအကြာ အောက်တိုဘာလ ၆ ရက် ညနေပိုင်းက ကသာမြို့နယ်သို့ ထွက်ခွာသည့် စစ်တပ်စစ်ကြောင်းမှ လက်ပြန်ကြိုးတုတ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထိုသို့ ဖမ်း ဆီးခေါ်ဆောင်သွားသည်ကို မြင်တွေ့လိုက်သည့် ပြည်သူများမှလည်း အတည်ပြုပြောကြားပေးခဲ့ ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article