32.5 C
Yangon

ငါန်းဇွန်မြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

Must read

ငါန်းဇွန်မြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၇

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ပျူစောထီး ခေါင်းဆောင် ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Sintkaing Revolution Force -SRF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၈ ရက်နေ့ ည ၈ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်၊ တောင်ကုန်းကျေးရွာ၌ နေထိုင်သော ပျူစောထီး ခေါင်းဆောင် သိန်းဌေးကို Sintkaing Revolution Force-SRF နှင့် မဟာမိတ်အဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့​ကြောင်း သိရသည်။

” သေနတ် အရှည်တွေနဲ့ ဝင်ရောက် ပစ်ခတ် ရှင်းလင်းခဲ့တာပါ ပျူစောထီး ခေါင်းဆောင် သိန်းဌေးကို နေရာမှာပဲ ငရဲကို ပို့ဆောင်ပေးခဲ့တယ်” ဟု Sintkaing Revolution Force -SRF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ပျူစောထီး ခေါင်းဆောင် သိန်းဌေးသည် လက်နက်ကိုင်ဆောင်ထားသော်လည်း တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်စဥ်တွင် လုံခြုံရေး အခြေအနေကြောင့် ရှာဖွေခြင်း မပြုလုပ်ဘဲ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Sintkaing Revolution Force -SRF ၊ SPECIAL TASK FORCE -NGAZUN ၊ JUSTICE RANGER FORCE ၊ နဘက်တိုက်နယ် ပကဖ နှင့် စဥ့်ကိုင် ပကဖတို့ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article