Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သဲကုန်းကျေးရွာမှ ကလေး ၃ ဦး အပါအဝင် အရပ်သား ပြည်သူ ၆ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီး ရိုက်နှက်ပြီး ခေါင်းဖြတ် သတ်ခဲ့တယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာ-မြို့မရဲစခန်းကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေကနေ ၄၀ မမ ဗုံးသီးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ရာမှာ ရဲအုပ်တစ်ဦးအပါအဝင် ရဲ ၄ ဦးသေသွားတယ်လို့ စဉ့်ကိုင်-Revolution Force – SRF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
– ထိုင်းနိုင်ငံ၊ အယုဒ္ဓယခရိုင်မှာ အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမား အယောက် ၇၀ နီးပါးကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။